~နှိုင်း ထွက်သွားတာ ၁ နှစ်နီးပါး ဖြစ်သွားသော်လဲ မှူးသခင်ကတော့ နှိုင်းမရ ပြန်လာမဲ့ရက်ကိုစောင့်နေဆဲပါ...တိမ်လွှာကပြောချင်ပေမဲ့ နှိုင်းရဲ့ဆန္ဒကိုလိုက်ရောပြီး ဘာကိုမှ ဂဂနန ဖွင့်မပြောကြ...
မှူး ဆိုသည်မှာလဲ တိမ်လွှာ တို့အိမ်ကို အချိန်ရရင်ရသလို နှိုင်း အကြောင်းသိရလေမလားဆိုပြီးလာနေတာလဲ တော်တော်ကြာနေပါပြီ ကြာတော့ မှူးသခင်ကို သနားကြတာပေါ့..
အကိုဖြစ်သူ ဥာဏ်ဘုန်းက ညီမဖြစ်တဲ့ငယ်လေး ခံစားနေရတာလဲမမြင်ချင်တော့...ညီမဖြစ်သူ ထွက်သွားတာတောင် တစ်ရက်မပျက်ပဲ ညီမဖြစ်သူကိုစောင့်နေတဲ့ မှူးသခင် ရဲ့အဖြစ်ကိုလဲ မမြင်စေချင်တော့တဲ့အတွက်...ညီမဖြစ်သူရဲ့အလိုကိုမလိုက်တော့ပဲ...
.ကို ဒီနေ့မင်းကိုအခုလိုခေါ်တွေ့ရတာက မင်းကို ငယ်လေးအကြောင်းပြောချင်လို့ပါ...
~အကိုဖြစ်သူကြားထဲကနေ ညီမဖြစ်သူမုန်းချင်လဲမုန်းပါစေ ဆိုပြီး မှူးသခင် ကိုအကြောင်းစုံပြောပြရန် နှစ်ယောက်ထဲသီးသန့်တွေ့နေကျပါတယ်...
.'မ' အကြောင်း ဟုတ်လား ဒါဆိုပြောပြပါနော် မှူး မှူးကို သူ့အကြောင်းနဲနဲလေးဖြစ်ဖြစ်ပြောပြရရင်တောင်မှူးကျေနပ်ပါတယ်.
~ဥာဏ်ဘုန်း စိတ်ထဲမှာတော့ ချစ်လဲချစ်နိုင်တဲ့၂ယောက်ပဲ လို့တွေးနေမှာပဲ တစ်ယောက်က သူ့ကြောင့် ချစ်ရတဲ့သူထက်ပြီးမထိခိုက်စေချင်တော့လို ထွက်သွားတာ နောက်တစ်ယောက်ကျတော့ သူဘယ်လောက်ပဲထိခိုက်ခံစားနေရပါစေ မီးထဲတိုးမဲ့ ပိုးဖလံ လိုမျိုး...ဆိုတော့ ကံကြမ္မာ ကိုပဲယုံကြည်ရတော့မယ် လို့တွေးထားလေရဲ့...
အခုလက်ရှိ မှူးသခင် ရဲ့ပုံစံက နှိုင်းအကြောင်းကြားမှ စားဝင်အိပ်ပျော်မဲ့ပုံ မျက်ကွင်းတွေလဲချိုင့်လို့ လူကအရင်ကပိန်ပါတယ်ဆို အခုက ပိုပိန်သွားသလိုမျိုး...ဥာဏ်ဘုန်း က နှိုင်းအကြောင်းပြောမယ်လဲဆိုရော ရှိသမျှအလုပ်တွေအကုန်ပစ်ထားခဲ့ပြီး အပြေးရောက်လာတာ...
![](https://img.wattpad.com/cover/161027430-288-k915045.jpg)