~နှိုင်း ထားဝယ်ရောက်နေတာ တစ်ပတ်လောက်ရှိတော့မယ်...
ရောက်တဲ့နေကစပြီး စားလဲစိတ်မပါ သွားလဲစိတ်မပါ...မေမေကတော့မေးရှာပါတယ် *သမီးလေးတစ်ခုခုဖြစ်နေတာမလားတဲ့*
ဟုတ်တယ်မေမေ သမီးရူးတော့မှာ အဲ့မှူးသခင်ဆိုတဲ့ ခလေးမကြောင့်ရူးတော့မှာ...ဆိုပြီးအော်ပြောလိုက်ချင်ရဲ့...
.သမီး...ပျင်းရင် သမီးသွားနေကျ ကျွန်းလေးကိုသွားပါ့လား...
.Cocks comb ကိုလားမေမေ...
.ဟုတ်တယ်လေသမီးရဲ့ သမီး ပျင်းတဲ့အခါစိတ်ညစ်တဲ့အခါအဲ့ကိုအမြဲ သွားနေကျပဲ...
.သမီး...မသွားချင်သေးဘူး မေမေ...စိတ်သွားတိုင်းကိုယ်မပါ သလို ကိုယ်သွားတိုင်းလဲစိတ်မပါတဲ့ နှိုင်း ကိုကြည့်လို့ အမေဖြစ်သူက သက်ပြင်းသာချရင်း...
အိမ်ထဲမှာနေရတာစိတ်ကျဉ်းကျပ်လာတော့ အပြင်ထွက်လျောက်သွားကြည့်ပါတယ် သွားလေရာနေရာတိုင်း အတွေးတွေထဲ စိုးမိုးထားတဲ့လူတစ်ယောက်ကြောင့်...
.ဘာဖြစ်နေတာလဲ...နှိုင်းမရ ရယ်...
သူ့ကိုယ်သူစိတ်မရှည်စွာညည်းတွားလိုက်တာပေါ့...
.အိမ်ပြန်အိပ်တာပဲကောင်းတယ်:-/.
အိမ်ရောက်တော့လဲ မှန်တင်ခုံရှေ့ထိုင်ပြီးကို့မျက်နှာကိုယ်ပြန်ကြည့်ပြီး ငြိမ်နေတဲ့ နှိုင်း...
ရုတ်တရက် လက်က နှုတ်ခမ်းသားလေးကိုကိုင်ကြည့်ပြီး အတွေးထဲ မှူးသခင်ကဝင်လာပြန်လေတော့ ရင်ထဲလှိုက်ခနဲ ဖြစ်သွားသေးသည်။
.ရင်ခုန်သွားတာလား...
နှုတ်ခမ်းကိုကိုင်ကြည့်နေရင်း တစ်ကိုယ်ထဲ ရွတ်လိုက်တော့...ကို့စိတ်ကမသိပါပဲပြောလိုက်မိတဲ့စကားလုံးအပေါ် မျက်လုံးအဝိုင်းသားနဲ့..
ခေါင်းထဲ ဒိန်း ဆိုပြီးဝင်လာတာက မှူးသခင်ရဲ့မျက်ဝန်းတွေ အထိအတွေ့တွေ...
မငြင်းနိုင်ပါဘူး ဒီကိုရောက်တဲ့အချိန်ကစပြီး မှန်ရှေ့ရောက်လေတိုင်း ကိုယ့်နှုတ်ခမ်းကိုကြည့်တာတောင် မှူး ရဲ့ပန်းရောင်သန်းနေတဲ့ နှခမ်းကိုမြင်မိနေတာ...