~ဒီနေ့...ဒီနေ့က မှူး နဲ့ နှိုင်းတို့လေးယောက် အပြင်သွားဖို့ ချိန်းထားတဲ့နေ့...
.ညီစေ...သူတို့မလာသေးဘူးဟင်...
.လာတော့မှာပါ မှူးရယ် နင်ဘယ်လိုဖြစ်နေတာလဲ ဂနာကိုမငြိမ်ဘူး...~ညီစေပြောတာအမှားတော့မပါ အိမ်ကနေ JS ကိုစထွက်လာထဲက ကားပေါ်ပါလာတဲ့တစ်လျောက်လုံး ဟိုလုပ်ဒီလုပ်နဲ့ငြိမ်ငြိမ်ကိုမနေ...
.နင်ကလဲဟာ....
.နင်ကလဲမဟာနဲ့ တကယ်ပဲ...နင် သူတို့လာလို့ရှိရင် မမနှိုင်း ကို ကြည်တာ လူလိုကြည့်နော် စွတ်စက် ငမ်းမနေနဲ့...
.အေးပါ အေးပါဟာ..~JS က Secret Garden မှာထိုင်စောင့်နေတာ ခဏ ကြာတော့ ရောက်လာပါပြီ နှိုင်းမရ နဲ့ မိုးစက်...
မိုးစက်ကဂျင်းဘောင်းဘီရှည်ကိုမှ အခုခေတ် style ဒူးပြဲပုံစံကိုမှ shirt အဖြူနဲ့တွဲဝတ်ထားတာ...
နှိုင်း ကတော့ လုပ်ငန်းခွင်ထဲကပုံစံလို မြန်မာဝတ်စုံနဲ့မဟုတ်ပဲ လူငယ်ဆန်ဆန် shirt အ၀ါနုလေးနဲ့ ဒူးပေါ်စကက်လေးနဲ့ တွဲဝတ်ထားပြီး ဆံပင်မစီးထားပဲ ချထားတော့ ကြွေပြီလေ မှူးတို့က...
ညီစေနဲ့မှူးကတော့ လူငယ်ပီပီ free style နဲ့
မှူးက T-shirt ကိုမှ အပေါ်က coat ထပ်ဝတ်ပြီးလက်ကိုခေါက်တင်ထားတဲ့ပုံစံ...နှိုင်းတို့စရောက်လာထဲက ညီစေနဲ့မိုးစက်က တတွဲဖြစ်နေလေတော့ မှူးက နှိုင်းရဲအနားကပ်နေပြီလေ...
.ကဲ...အခု မုန့်အရင်သွားစားမယ်နော်...အဲ့တာခင်မင်မှုနေနဲ့ ညီစေတို့ဘက်က ကျွေး...ဟီးဟီး...
~အဲ့လိုပြောတော့ နှိုင်းက ဘယ်လိုဖြစ်နေတာလဲဆိုတဲ့မျက်နှာဘေး ဒါကိုမိုးစက်တို့ကမသိချင်ယောင်ဆောင်ကာ...
.ရပါတယ် မှူး ဒကာခံ ပါမယ် ဒီနေ့တနေ့လုံးစာကို...
.၀ိုး...မှူးက Boss လို့မပြောရဘူးနော် ရက်ယောလိုက်တာ...~ပြောကျရင်းဆိုကျရင်းနဲ့ JS ထဲက မုန့်ဆိုင်မှာပဲ မုန့်အရင်စားကျပြီး စားသောက်ပြီးတော့ ရုပ်ရှင်ကြည့်မယ်ဆိုပြီး ရုပ်ရှင်ဝင်ကြည့်လေရဲ့...
ရုပ်ရှင်ကြည့်တော့ နှိုင်းဝတ်လာတဲ့ဝတ်စုံကိုကြည့်ပြီး မှူးသခင် ဘ၀င်မကျ အဲ့တော့ ထပ်ဝတ်လာတဲ့ အကျီ င်္ကို ပေါင်ပေါ်ထပ်ပေးလိုက်တာပေါ့...