Part(19)

23.9K 1.3K 15
                                    

" ယိမ်း..."

"ဘယ်လိုဖြစ်နေတာလဲ ငါမလိုက်ချင်ပါဘူးဆို"

"မရဘူးကွာ ယိမ်းကိုမောင့်မိဘတွေနဲ့တစ်ခါထဲမိတ်ဆက်ပေးချင်တာ ပြီးရင်မောင်တို့လက်ထပ်ကြမယ်လေ"

"ဟို အခုကအရမ်းစောနေသေးတယ်လေ "

နိုင်း အလိုမကျစွာမျက်ခုံးတွေတွန့်ချိုးလိုက်ပြီး အရှေ့ကလူကြီးလေးအားပေါင်ပေါ်ဆွဲပွေ့ပစ်လိုက်သည်။တရားဝင်ချစ်သူတွေဖြစ်နေပြီဆိုပေမဲ့ နိုင်းတို့အရင်ကလောက် တွေ့ရချိန်သိပ်မရှိယိမ်းကအမြဲ အလုပ်ရှုပ်နေတတ်သည်။ဆေးခန်းလိုက်သွားတော့လဲ ယိမ်းနဲ့သီးသန့်တွေ့ရချိန်ဆိုလို့ နေ့လည်ထမင်းစားဖို့ နားနေချိန်တစ်ချိန်သာရှိ၏။ဒါတွေကြောင့်မြန်မြန်လက်ထပ်ဖို့ ဒီတစ်ပါတ်ရန်ကုန်ပြန်လျှင် နိုင်းမိဘတွေနဲ့မိတ်ဆက်ပေးရန်ခေါ်တော့လဲ ခေါင်းခါသည်။နိုင်းတကယ်ကိုစိတ်မရှည်တော့။ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်သာလုပ်ပစ်လိုက်ရရင်လဲ ဒီဟာလေးကအော်ငိုအုံးမည်။

"နိုင်း လွှတ်တော့ တစ်ယောက်ယောက်ဝင်လာရင် တွေ့သွားမယ်လေ "

"မောင်ကယိမ်းနဲ့အတူတူရှိနေချိန်ဆိုဘယ်တုန်းကတံခါးဖွင့်ထားဖူးလို့လဲ "

လူယုတ်မာမျက်နှာပေးနှင့်ပြောနေသော လူဆိုးကောင်ကို ယိမ်းမျက်စောင်းခဲလိုက်မိသည်။တံခါးကိုအမြဲပိတ်ထားမှာပေါ့ ပြီးမှသူရမ်းကားချင်သလိုရမ်းကားတော့မှာလေ။လိပ်လိုမျိုးလူလည်ကောင်။

"ဟိတ်!လူကိုမျက်စောင်းတွေပဲစွတ်ထိုးမနေနဲ့ မေးတာလဲဖြေအုံး"

" ဘာလဲ!"

"မောင့်မိဘတွေနဲ့မိတ်ဆက်ပေးဖို့ကိစ္စလေ...ကြည့်ပါလား!ယိမ်းကမောင်ပြောတာကိုဆို အလေးမထားဘူး"

"အဲ့လိုမဟုတ်ပါဘူး ဟို ငါကအဆင်သင့်မဖြစ်သေးဘူးလေ ပြီးတော့မင်းပဲစဉ်းစားကြည့် ငါတို့နှစ်ယောက်လုံးကယောက်ျားလေးတွေလေ ဘယ်လိုလက်ထပ်မလဲ မင်းမိဘတွေကရော ငါ့ကို..."

" ယိမ်း "

ချက်ချင်းမျက်နှာလေးညှိုးကျသွားသောလူသားလေးအား နိုင်းအမြတ်တနိုးခေါ်လိုက်မိသည်။ ယိမ်းဘာတွေအတွေးများနေရလဲမသိပဲ ပြောချင်ရာပြောမိသောကိုယ့်ကိုကိုယ်လဲအပြစ်တင်မိသွား၏။

The Bad Guy Is My Husband [Completed]Where stories live. Discover now