"ဒေါက်တာ!အရေးပေါ်မွေးလူနာတစ်ယောက်ရောက်နေပါတယ်"
"လူနာက အခုဘယ်မှာလဲဆရာမ"
"အရေးပေါ်ခန်းထဲပို့ထားပါတယ်ဒေါက်တာ!အခြေအနေစိုးရိမ်ရတယ်ရှင့်!ရေမွှာကပေါက်နေပြီ"
"ဒါဆိုဆေးရုံကြီးပို့ဖို့မမှီနိုင်လောက်တော့ဘူး!လူနာရှင်ကရော?"
"လူနာရှင်လဲရှိပါတယ်ဒေါက်တာ ဆေးခန်းအဝင်အဝမှာတွေ့လို့ ဝန်ထမ်းတွေအမြန်ခေါ်ခဲ့ကြတာ"
"ဗျာ!ဒါဆို လိုအပ်တဲ့ပစ္စည်းတွေယူပြီးကျွန်တော့်နောက်လိုက်ခဲ့ပါ"
"ဟုတ်ကဲ့ဒေါက်တာ"
ယိမ်းကြည့်လက်စလူနာကိုကြည့်ပြီး အရေးပေါ်ခန်းဘက်ပြေးခဲ့ရသည်။ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်သည် လူနာခုတင်ပေါ်၌အော်ဟစ်လူးလိမ့်နေ၏။အမျိုးသားဖြစ်ဟန်တူသည့် သူကတော့ ဘေးတွင်ခြေမကိုင်မိလက်မကိုင်မိဖြစ်စိုးရိမ်နေ၏။အမျိုးသမီး၏အနေအထားသည်လဲအတော်အားနည်းနေပုံရပြီး အချိန်မှီမခွဲစိတ်နိုင်ရင် ကလေးရောမိခင်ပါဆုံးရှုံးရနိုင်၏။ရေမွှာပေါက်နေတာဆိုတော့ ကလေးရဲ့အသက်အန္တရာယ်စိုးရိမ်ရမို့ယိမ်းလဲအချိန်ဆွဲမနေတော့ပဲခွဲစိတ်မှုစရန်ပြင်ဆင်ရတော့သည်။ယိမ်းရဲ့ဆေးခန်းဟာ မောင့်အစီအစဉ်တွေကြောင့်အရာအားလုံးခေတ်မှီနေပြီး အခန်းအစုံအလင်ကိရိယာအစုံအလင်ရှိနေလို့သာတော်တော့၏။operationခန်းထဲတွင် nurseအကူသုံးယောက်နှင့်ယိမ်းမှာ မမျှော်လင့်ထားသောအခြေအနေကြောင့်ချွေးဇောများပျံနေပြီး စိတ်လှုပ်ရှားနေကြသည်။ယိမ်းလဲစိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်၍အကောင်းဆုံးဖြစ်အောင်ကြိုးစားနေမိသည်။ရိုးရိုးမွေးဖွားရန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးက အသံမထွက်နိုင်လောက်အောင်ပင်ပန်းနေတော့ ထုံဆေးပေး၍ခွဲမွေးဖို့သာဆုံးဖြတ်ရ၏။
ခန့်မှန်းခြေအတိုင်း ရေမွှာကလွန်ခဲ့တဲ့မိနစ်ပိုင်းကတည်းကပေါက်ခဲ့တာဖြစ်၏။တခြားသူဆို ဘယ်လိုမှတင်းခံနိုင်မည့်အနေအထားမဟုတ်ပေမဲ့ ဒီအမျိုးသမီးဝမ်းကြာတိုက်မှကလေးငယ်သည်အသက်ရှင်ချင်စိတ်ပျင်းပြနေဟန်တူသည်။မိခင်ဝမ်းမှကျွတ်ကာစ နီတာရဲရဲ ကလေးပေါက်စကိုအနှီးထုတ်ဖြူဖြူလေးထဲထည့်ကာ nurseတစ်ယောက်လက်ထဲထည့်ပေးရသည်။အင်္ဂါစုံလင်သည့် သေးငယ်နုနယ်လှပြီးပေါင်မပြည့်ချင်သည့်ကောင်ငယ်လေးကိုကြည့်ကာ ယိမ်းသက်ပြင်းတစ်ချို့တစ်ဝက်ချနိုင်ခဲ့သည်။ထို့နောက် မိခင်ဖြစ်သူဘက်လှည့်ကာ ချုပ်ရိုးတစ်လျှောက်ပိုးသတ်ပြီးOxygenပေးထားရသည်။အချန်တစ်ချို့ကြာပြီးနောက် နှလုံးခုန်နှုန်းမှန်လာတော့မှသာ အားလုံးသက်ပြင်းကိုယ်စီချနိုင်တော့၏။သွေးစတို့ပေနေသည့် လက်အိတ်ကိုချွတ်ကာ maskကိုပါတစ်ခါထဲချွတ်ချလိုက်ပြီး ချွေးတွေသုတ်ရသည်။