Part(6)

30.8K 1.6K 33
                                    

အဆုံးအဆမရှိကျယ်ပြန့်နေသောကောင်းကင်ယံသည်မဟူရာရောင်ပန်းချီကားပေါ်၌ငွေရောင်ကြယ်ပွင့်လေးများပြန့်ကျဲနေသည့်ပမာညအမှောင်ကိုတောင်အလှဆောင်နိုင်ပေသည်။မပြည့်တပြည်လမင်းကြီးသည်မကြာခင်လပြည့်တော့မည့်အရိပ်အယောင်ကိုဖော်ကျူးလျက်ထွန်းလင်းတောက်ပနေပြန်၏။အညာဒေသပေမို့နေ့ပိုင်းသာပူ၍ညပိုင်းဆိုလျှင်အတော်အသင့်လေတဖြူးဖြူးတိုက်ခတ်လေ့ရှိသည်။အထူးသဖြင့်အိမ်အပြင်ဘက်ရှိကွပ်ပျစ်ပေါ်မှာထိုင်နေရင်ပေါ့။အလှတရားကိုတွေးကြည့်တာထက်ပြေးကြည့်တာကပိုပြီးမှန်နေလေမလား။

"နိုင်း ငါတို့ရောက်နေတာဒီနေ့နဲ့ဆိုငါးရက်ရှိပြီနော် ရောင်ဝါကသူ့မားသားကြီးကိုယ်တိုင်လွှတ်လိုက်တာမို့အကြောင်းမဟုတ်ပေမဲ့ငါတို့ကတော့ပြဿနာရှိတယ် အိမ်ကိုဖုန်းဆက်ဖို့လဲ လိုင်းကမိတစ်ချက်မမိတစ်ချက်နဲ့"

ကောင်းကင်ကိုမ​မြင်ဖူးသည့်အတိုင်း​တစ်ဝကြီးမော့ကြည့်နေသည့်ရောင်ဝါကမြတ်ဘုန်းစကားကြောင့်

"ဟားးမြတ်ဘုန်းသာကဘယ်တုန်းကများအိမ်ကိုဒီ​လောက်ထိသိတတ်သွားရတာလဲ"

"ဟေ့ကောင် သိတတ်တာမဟုတ်ဘူးကွ အရင်ကဆိုဖုန်းလေးတစ်ချက်ဆက်လိုက်ရင်ပြီးပြီအခုဟာကအဆက်အသွယ်မှလုပ်မရတာ တော်ကြာငါတို့သေလားရှင်လာတောင်မသိပဲစိတ်ပူနေရမယ့်အဖြစ်"

"စာနဲ့အဆက်အသွယ်လုပ်လေ"

"မင်းမေကြီးတော် ငါ့ကိုရှေးခေတ်ဇာတ်ပြန်မသွင်းနဲ့ ဘောမို့စာတစ်တန်ပေတစ်တန်နဲ့ဆက်သွယ်ရမှာလား"

"တခြားနည်းရှိသေးလို့လား"

အငြင်းပွားပြီးမောသွားပုံနှင့်ရေနွေးကြမ်းကိုငှဲ့သောက်နေကြပြန်သည်။

"ဘာပဲနေနေငါတော့ပြန်ဖို့လုံးဝစိတ်ကူးမရှိဘူးနော် "

တစ်ချန်လုံးတိတ်ဆိတ်နေသည့် နိုင်းကပြောလိုက်ခြင်းဖြစ်သည်။

"ဟ မင်းကတစ်သက်လုံးနေမှာမို့လို့လား ပြောစမ်းပါဦးခိုင်လုံတဲ့အကြောင်းပြချက်လေး"

"ဘာအကြောင်းပြချက်မှပေးစရာကိုမလိုတာ ဒီတိုင်းပြန်လို့မဖြစ်သေးတာမို့"

The Bad Guy Is My Husband [Completed]Where stories live. Discover now