"မာမီ!!ယိမ်း..ယိမ်းရော"
ဆေးရုံထဲသို့ဝရုန်းသုန်းကားပြေးဝင်လာသည့်သားဖြစ်သူကြောင့် ဒေါ်သက်ထားလွင်မှာ လန့်ဖျပ်သွားရသည်။သားယိမ်းဖြစ်တာကနည်းနည်း သူပျာယာခတ်နေတာကများများရယ်။
"ဖြည်းဖြည်းလာပါသားရယ် ချော်ချက်လဲနေမှဖြင့်!သားယိမ်းဘာမှမဖြစ်ဘူး ဒီတိုင်းအားနည်းပြီးမူးလဲသွားတာ"
"ဟာဗျာ!ကြီးမေကဘယ်ရောက်နေလို့လဲ ယိမ်းကိုသေချာဂရုစိုက်ပေးထားဖို့မှာခဲ့တာကို"
"ဟေ့ကောင်!မင်း သူများကိုအပြစ်အရင်မတင်နဲ့ သားယိမ်းမူးလဲတာကိုသူတွေ့လို့ငါတို့ကိုအကြောင်းကြားတာ ကျေးဇူးတောင်တင်ရအုံးမယ်"
ခုမှကမူးရှူးထိုးလာလုပ်နေသည့်သားကို ဦးနိုင်းဒီပါလဲအမြင်ကပ်ကပ်နဲ့ ပြောလိုက်၏။
"အခုယိမ်းဘယ်မှာလဲ "
"သားယိမ်းကအခန်းထဲမှာရှိတယ်သား!မာမီတို့မိသားစုဆရာဝန်ကြီးသေချာစမ်းသပ်ပေးနေတယ် စိုးရိမ်စရာမရှိတော့ဘူးလို့တော့ပြောတယ် ဒါမဲ့သားယိမ်းနဲ့ဆွေးနွေးစရာလေးရှိလို့အခန်းထဲဘယ်သူ့မှပေးမဝင်ဘူး သားအခုဝင်လို့မရသေးဘူး"
"ဝင်မှာပဲ သားကသူ့ယောင်္ကျား!"
"ဟေ့ကောင်!!နိုင်းဒီသံလွင်"
ဒယ်ဒီ့အသံကဆေးရုံထဲမှာဟိန်းကနဲဖြစ်သွား၏။
"ကဲ!တော်ပါတော့ ရှင်တို့သားအဖကတစ်မျိုး အခြေအနေကိုခဏစောင့်ကြည့်ရအောင်ပါ!သားကလဲသည်းခံ သားယိမ်းဘာမှမဖြစ်ပါဘူး ဒေါက်တာကလဲတခြားသူမှမဟုတ်တာ မာမီတို့မိသားစုရဲ့ကျန်းမာရေးကိုဂရုစိုက်ပေးနေတာသားအသိပဲဥစ္စာ"
မာမီ့ရဲ့ဝင်ဖြန်ဖြေစကားကြောင့်နိုင်းလဲ sofaပေါ်ထိုင်ချပစ်လိုက်သည်။ဆံပင်တွေကိုစိတ်မရှည်စွာဖွာထုတ်ပစ်ရင်း နာရီကိုတစ်ချက်ကြည့်လိုက်သည်။ငါးမိနစ်နေလို့မှစမ်းသပ်လို့မပြီးသေးရင် ဇွတ်ဝင်သွားမယ်လို့ဆုံးဖြတ်ပြီးသား။ကိုယ့်ယောင်္ကျားကိုယ်စိတ်ပူတာတောင် အချိန်စောင့်နေရသေးသည်။မာမီ့ဆီက 'သားယိမ်းမူးလဲလို့'ဆိုတဲ့စကားကြားပြီး လူကဘယ်လိုဖြစ်သွားမှန်းမသိ။ကားကိုလဲဘယ်လိုမိုင်နှုန်းတွေနဲ့မောင်းပြီးရောက်လာသလဲမသိ။ယိမ်းသာတစ်ခုခုဖြစ်သွားရင် နိုင်းကိုယ့်ကိုကိုယ်ခွင့်လွှတ်နိုင်မှာမဟုတ်။ယိမ်းကိုတစ်ယောက်ထဲထားခဲ့မိတာကိုလဲအခုထိယူကျုံးမရဖြစ်နေမိသည်။နိုင်းသာရှိနေရင်ဒီလိုတွေဖြစ်မှာမဟုတ်။ယိမ်းနေမကောင်းမှန်းသိရက်နဲ့ companyသွားလိုက်မိတာ နိုင်းရဲ့အပြစ်သာ။အခုလို မူးလဲတယ်ဆိုတဲ့အဖြစ်ကြီးက ဘယ်လိုမှနိုင်းအတွက်ဖြေဆည်နိုင်စရာမရှိ။