"အိုကွယ်! ချစ်ဖို့ကောင်းလိုက်တာ "
ယိမ်းရဲ့ပါးပြင်တစ်ဖက်ကိုဆွဲရင်း ပြောလိုက်သည့် မာမီ့အသံ။အိမ်ထဲဝင်လာ,လာချင်း သားဖြစ်တဲ့ကိုယ့်ကိုကျော်ကာ ယိမ်းကိုအသဲအသန်ချစ်ပြနေတာမို့ နိုင်းဘေးထွက်ပေးထားလိုက်ရသည်။ မန္တလေးမှာကတည်းကဖုန်းကြိုဆက်ထားတာမို့ မာမီကနိုင်းကြိုက်တတ်သည့်ဟင်းလျာများကိုအဆင်သင့်ချက်ပြုတ်ပေးထား၏။Hotelတစ်ခုမှာlunchဝင်စားခဲ့သေးတာမို့ ညစာမစားခင်ဧည့်ခန်းတွင် မိသားစုစုံ"လင်"ထွေရာလေးပါးပြောဖြစ်ကြသည်။အဓိက,ကတော့ယိမ်းကိို နိုင်းမိဘတွေအပေါ် ရှိန်နေတာမျိုး,ကြောက်နေတာမျိုးမဖြစ်စေချင်။မာမီနဲ့ဒယ်ဒီ့ကိုလဲ နိုင်းဘက်ကသဘောထားအားကြိုတင်ပြောပြပြီးသားမို့အကုန်အဆင်ပြေသည်။ယိမ်းကို စချစ်ခဲ့ကတည်းကလက်ထပ်ဖို့အထိရည်ရွယ်ခဲ့ခြင်းကြောင့် ဘယ်လိုအခြေအနေမှာပဲဖြစ်ပါစေ ခိုးကြောင်ခိုးဝှက်တွဲမည်မဟုတ်။အထူးသဖြင့် ယိမ်းရဲ့ဆရာဝန်ဆိုသည့်ဂုဏ်သိက္ခာကို နိုင်း မြတ်နိုးတန်ဖိုးထားခြင်းကြောင့်ပါပဲ။
"သားယိမ်းက မာမီ့သားလေးထက်တကယ်ကြီးအသက်ကြီးတာရောဟုတ်ရဲ့လားဟင်"
"ဗျာ! ဟုတ်ပါတယ်အန်တီ ကျွန်တော်ကနိုင်းထက်သုံးနှစ်ကြီးပါတယ်ဗျ"
"အို...မာမီဖြင့်အခုထိတောင်မယုံချင်သေးဘူးကွယ် သားယိမ်းကသိပ်ချစ်ဖို့ကောင်းတာပဲ မာမီဆိုလေအရင်ထဲကသားယိမ်းလိုမျိုးနုနုဖတ်ဖတ်နဲ့ချစ်ဖို့ကောင်းတဲ့သမီးလေးတစ်ယောက်အမြဲလိုချင်ခဲ့တာ..သားယိမ်းကြည့်လိုက်လေ! မာမီ့သားက အသက်ကသာ၂၂ပဲဲရှိသေးတာ လူကြီးလိုပဲနေတတ်တော့မာမီ့မှာသူ့ကိုကလေးလိုချွဲစေချင်တာတောင်မချွဲခိုင်းရဲဘူး..သားငယ်ငယ်ကဆိုသိပ်ဆိုးတာ ကျောင်းမှာလဲကျောင်းမို့အိမ်မှာဆိုလဲအိမ်မှာမို့ တစ်နေ့တစ်နေ့မဖြစ်တဲ့ပြဿနာကိုမရှိဘူး ဒါတောင်တစ်ဦးတည်းသောသားမို့နော် မဟုတ်ရင်မာမီတော့သားကြောင့်ဆေးရုံကဆင်းရမှာကိုမဟုတ်ဘူး တကယ့်လူဆိုးလေး"
"မာမီကဗျာ!"
နိုင်းငယ်ငယ်ကဂျစ်တူးလုပ်ခဲ့သမျှကိုအစဖော်ချင်နေသည့် မာမီ့ကြောင့် နိုင်းအမြန်တားလိုက်ရသည်။ယိမ်းကတော့ စကားများလွန်းတဲ့မာမီပြောသမျှကိုစိတ်ဝင်တစားနားထောင်ရင်း နိုင်းကိုလှည့်ကြည့်ကာပြုံးစိစိနဲ့မျက်ခုံးတစ်ဖက်လှုပ်ပြသည်။သဘောက သူမေးချင်ရာမာမီ့ကိုမေးလို့ရပြီမလို့သတိထားနေဆိုတဲ့သဘောပါပေါ့။နှိုင်းလဲ နှုတ်ခမ်းတွေကွေးညွတ်အောင်ရယ်ရင်း ဒယ်ဒီ့ဘက်လှည့်ကာ