Part(41)

23K 924 5
                                    

ရေချိုးခန်းထဲမှ ထွက်လာချင်း မြင်လိုက်ရသည့် အခြေအနေကြောင့် ယိမ်း ခေါင်းမီးတောက်သွားရ၏။ကြွေပြားပေါ်အမွှေးပွကော်ဇောတွေအပြည့်ခင်းထားသည့်အခန်းတစ်ခုလုံး Diaperဖြူဖြူလေးတွေပွစာကျဲနေ၏။သားသားရဲ့ဘောင်းဘီသေးသေးလေးတွေကလဲ ဟိုနားတစ်ခုဒီနားတစ်ခု။ယိမ်း ရေချိုးခန်းမဝင်ခင်ကမှ တစ်ခန်းလုံးရှင်းထားခဲ့တာ။မိနစ်ပိုင်းလောက်ရေဝင်ချိုးတုန်း အခန်းရဲ့ပုံစံကချက်ချင်း အခုလိုရှုပ်ပွနေ၏။

ယိမ်းလဲတဘက်တစ်ထည်အမြန်ပတ်ကာ တရားခံတွေဆီခပ်တည်တည်လျှောက်လာလိုက်တော့ ကုတင်ပေါ်မှာ ခြေကားယားလက်ကားယားလုပ်ပြီးတစ်အဲအဲအော်နေသည့်သားကိုDiaperလဲပေးနေသည့်မောင်။ဘေးမှာလဲ wet tissueလေးတွေက တစ်စဆီ။

"ဒါကဘယ်လိုဖြစ်နေကြတာလဲ!"

ယိမ်း လေသံခပ်မာမာနဲ့ပြောတော့ မောင်ကမျက်နှာစပ်ဖြဲဖြဲနဲ့ မော့ကြည့်လာ၏။တခစ်ခစ်ရယ်​နေသည့်ဖြူလုံးလေးကတော့သူ့အဖေနဲ့တစ်ရုပ်တည်း။မိနစ်ပိုင်းအတွင်းအခန်းတစ်ခုလုံးကို ဗြောင်းဆန်အောင်ဖွထားတဲ့သားအဖကို ယိမ်းမနိုင်သလိုခေါင်းခါပြမိသည်။

"ဟို!သားသားကရှူးရှူးတွေပေါက်ထားလို့မောင်က diaperလဲပေးနေတာပါအချစ်ရဲ့"

"အဲ့တာလေးလဲတာကို အခုလိုရှုပ်ပွနေစရာလိုလို့လား ငါရေချိုးခန်းမဝင်ခင်ကမှ အကုန်ရှင်းလင်းခဲ့ပြီးသားကို"

"မောင့်ကိုချည်းပဲဆူမနေပါနဲ့ယိမ်းရယ်!သားကမှငြိမ်ငြိမ်မနေပဲ မောင့်မှာသူ့ကိုအရမ်းလဲမလုပ်ရဲဘူး သားကဒေါသကြီးတာဘယ်သူနဲ့တူမှန်းကိုမသိဘူး"

"ဘယ်သူနဲ့တူရမှာလဲ အဲ့ဒါမောင့်နဲ့ပဲတူတာပေါ့!ငါကဒေါသမကြီးဘူး"

"ဟာ!အဲ့တာမောင်တစ်ယောက်ထဲနဲ့တူတာတော့မဟုတ်ဘူး တစ်ယောက်ယောက်နဲ့ပိုတူနေတာလားမသိဘူး နော်"

ပြီတီတီနဲ့ပြောလာသည့်မောင့်ကို ယိမ်းမျက်စောင်းထိုးလိုက်၏။သိသားပဲ!အဲ့တာအဘကိုပြောနေမှန်း။သူ့မြေးပဲဥစ္စာ သူ့အဖိုးနဲ့တူတော့ရော ဘာဖြစ်သေးလဲ။

"စကားမများပဲ အဲ့ဒီ့အရှုပ်တွေကိုအရင်ရှင်းစမ်းပါမောင်ရာ ပြီးရင်ရေချိုးတော့ အလုပ်သွားရမှာမလား"

The Bad Guy Is My Husband [Completed]Donde viven las historias. Descúbrelo ahora