14.2.2022
သာယာလှပသောမနက်ခင်းတစ်ခု၌ 'ပန်းမြိုင်လယ်'ရွာသူရွာသားများသည် ကိုယ်စီကိုယ်ငှအလုပ်ရှုပ်နေကြ၏။တစ်မနက်လုံး ရွာလမ်းမကြီးတွင် လူသွားလူလာမပြတ်ပဲ အရင်နေ့များထက်ပို၍စည်ကားနေသည်။ရွာ၏ကွမ်းတောင်ပန်းတောင်ကိုင်ဖြစ်သည့် အပျိုလေးများသည်လည်း အလှပဆုံးအယဥ်ကျေးဆုံးပြင်ဆင်ကာ တစ်လမ်းလုံးစကားတွတ်ထိုးလာကြသည်။
"မြန်မြန်လာကြစမ်းပါ! တော်ကြာနောက်ကျနေမှဖြင့်"
"မကျပါဘူးအေ!ပျိုဖြူပြောတာတော့ ငါတို့တစ်ရွာလုံးတင်မဟုတ်ဘူး ဟိုဖက်ရွာကဧည့်သည်တွေပါလာကြမှာဆိုတော့ မှီပါသေးတယ်"
"ဟဲ့!တို့သူကြီး,ကြီးတော့ဘယ်လိုနေမလဲမသိဘူးနော် နဂိုကမှ သူ့သားကို တိုကတိုနဲ့"
"အခုသဘောတူလိုက်လို့ပဲမင်္ဂလာဆောင်ကိုညည်းလာနေပြီပဲမဟုတ်လား!ငါကတော့ဆရာလေးကိုနှမျောပါတယ်အေ အစထဲကငါနဲ့ညားလိုက်ရမှာကို ဟိုမြို့ကြီးသားက လက်ဦးသွားတာရယ်"
"တော်စမ်းပါ အေးဘုံရယ်!ညည်းနဲ့ဆရာလေးကတစ်တန်းတည်းအတူတူတက်လာတဲ့သူငယ်ချင်းတွေလေ ပြီးတော့မိဘချင်းလဲရင်းနှီးတယ်!အဲ့တာတောင် ဆရာလေးကညည်းကိုလှည့်ကြည့်ဖူးလို့လား"
"ဒါကတော့ ကျုပ်ကတောသူလေ!သူကကျုပ်ထက်ပိုချောတဲ့မြို့ကလူကိုပဲယူမှာပေါ့တော်"
"မဖြစ်နိုင်တာကြီး!ဆရာလေးကဒီလောက်စိတ်ထားကောင်းတာ အဲ့လိုမျိုးမဖြစ်လောက်ပါဘူး!အခုက မြို့သားအစ်ကိုကဆရာလေးကိုကဲကဲသဲသဲဖြစ်နေတာ ညည်းတို့မျက်မြင်ပဲမလား!အဓိက,ကတစ်ယောက်နဲ့တစ်ယောက်ချစ်နေရင်ပြီးတာပါပဲ"
"ဟုတ်တယ်နော်!ကျုပ်တို့ရဲ့သဘောမနောကောင်းတဲ့ သူကြီးသားလေးပျော်နေရင်ပြီးတာပါပဲ ဟိုမြို့ကြီးသားရဲ့မိဘတွေကလဲချမ်းသာလိုက်တာပြောမနေပါနဲ့ ဆရာလေးကိုလဲချစ်မှချစ်ဆိုပဲ ကျုပ်တော့ဆရာလေးအတွက်ပျော်လဲပျော် မနာလဲလိုမိသား ဟီး"
"ကဲ!!တစ်လမ်းလုံးညည်းတို့အသံကြီးပဲ!နည်းနည်းလောက်ငါ့ကိုအားနာကြပါအုံး"
"ညည်းကဘာဖြစ်နေလို့လဲ!"
"သွားမေးမနေနဲ့ အေးဘုံရေ!သူလေ ဆရာလေးရဲ့ယောက်ျားကိုကြိတ်ပြီးသဘောကျနေတာ လွင်ဦးတို့အိမ်မှာနေတုန်းကဆို နေ့တိုင်းဟင်းတွေသွားသွားပို့ရတာအမော! အခုဟိုက တို့ဆရာလေးနဲ့လဲခိုးပြေးသွားရော တငိုငိုတရယ်ရယ်ဖြစ်နေလို့ ငါကပဲချော့မော့ပြောထားရတာ"