"ခွင့်မပြုနိုင်ဘူး! ငါ့သားကဆရာဝန်ပါကွ သူ့ဟာသူကုတတ်တယ် ဘယ်မြို့ကိုမှသွားစရာမလိုဘူးဟေ့"
ယတိပြတ်ငြင်းဆိုလိုက်သော သူကြီးကြောင့်သူကြီးကတော်မှာမျက်နှာကွက်ကနဲပျက်သွားတော့၏။
"ကိုဘမြိုင်! ရှင်ဘယ်လိုဖြစ်နေတုန်း ဆေးကိုသေချာပြမှကိုရမှာ သားလေးရွာကိုပြန်လာကထဲကပင်ပန်းနေတာကျွန်မသတိထားမိသားပဲ မဟုတ်ရင်တောင်ကျွန်မကိုယ်တိုင်မြို့တက်ပြီးဆေးစစ်ပေးအုံးမှာ အခုဒီသူငယ်လေးတွေလဲမို့ခဏပြန်ကြမှာဆိုတော့အခွင့်အခါကြုံတာပေါ့ ယောက်ျားလေးအချင်းချင်းပိုတောင်အဆင်ပြေသေး"
"ဟ! မခင်နှင်း မင်းမသိဘူးနော် အဲ့ဒီ့ယောက်ျားလေးအချင်းချင်းဆိုတာကိုပဲငါစိတ်မချတာ ဟင်းးငါသိနေတယ် "
"တော်ကဘာကိုသိတာလဲကိုဘမြိုင်ရဲ့! လိုက်ပြီးကန့်လန့်တိုက်မနေစမ်းပါနဲ့ ကျွန်မသားက,ကလေးမဟုတ်တော့ဘူး ရှင်စိတ်မချရင် ညီညီလေးကိုပါထည့်လိုက်မယ်"
"အော်...ဒီမိန်းမနဲ့တော့ခက်ပြီ ငါကသားကိုတောင်စိတ်မချပါဘူးဆို ငါ့တူပါ,ပါသွားရင်ပိုဆိုးပြီပေါ့"
နေရာတကာဂွတိုက်နေသော ခင်ပွန်းဖြစ်သူကို ဒေါ်ခင်နှင်းဆီစိတ်မရှည်ချင်တော့။ဒီလူကြီး အသက်ကြီးမှတော်တော်ကိုပြောရခက်လာတာ။အရှေ့မှာထိုင်နေရရှာသော ကလေးတွေကိုလဲအားနာလှပြီ။သူတို့ခမျာမနက်ထဲကအိမ်မှာ လာစောင့်ပေးနေရတာ။သားကလဲ လိုက်ရမလို,မလိုက်ရမလိုနဲ့အခန်းထဲဖင်တကြွကြွ။
"အဘ!"
"ပြော "
"ဟို သားကလေ ရွာဆေးခန်းအတွက်လိုအပ်တဲ့ဆေးတွေကိုပါတစ်ခါထဲဝယ်ရမှာမို့ သူတို့နဲ့လိုက်သွားမှာပါ ခဏပဲဟာကို"
"အဲ့တာဆိုလဲ မောင်ခန့်နောင်နဲ့သွားလို့ရတာပဲသားရယ် ဒီကောင်တွေကိုအဘဖြင့်ကြည့်မရပါဘူး ရုပ်တွေကိုကဗီဒိုမင်းသားတွေရုပ်နဲ့"
"ခွီးး ဗီဒီယိုမင်းသားပါ အဘကလဲ"
ပြောပြီးခွီးကနဲထရယ်လိုက်တာက ခင်ပျိုဖြူပင်ဖြစ်သည်။အိမ်ရှေ့ကွပ်ပျစ်မှာထိုင်နေသော နိုင်းတို့သုံးယောက်မှာလဲ ကိုယ့်ရုပ်ကိုယ်မှန်ထဲပြေးကြည့်ရမလိုဖြစ်နေတော့သည်။