"ကိုကို ဘာလို့ဒီနေ့မှပေါ်လာတာလဲ Babyကိုပစ်ထားတယ် ဟင့်"
"မင်းဘယ်လိုရောက်လာတာလဲ"
နိုင်း လက်မောင်းတွေကိုမလွှတ်တမ်းကိုင်ထားသောကောင်လေးအား အေးစက်စက်မျက်ဝန်းများဖြင့်ကြည့်ကာမေးလိုက်သည်
"ကိုကိုကလဲ Babyကကိုကို့ ကိုနေ့တိုင်းမျှော်နေရတာ ဘာလဲမတွေ့တာကြာတော့သူစိမ်းဆန်သွားပြီလား"
"ဒီမှာရွှေရောင်သစ်လွင် အဲ့နေ့ထဲကမင်းအတွက်တန်ရာတန်ကြေးပေးလိုက်ပြီးသားနော် ငါ့ကိုလာမရှုပ်နဲ့ စိတ်သိပ်ကြည်မနေဘူး"
ဒေါသသံစွက်နေသော နိုင်းစကားတွေကြောင့်ကောင်လေးအနည်းငယ်လန့်သွားပုံရကာပျက်ယွင်းသွားသောမျက်နှာကိုထိန်း၍
"အင်းပါ ဒါဆိုဒီညတော့ကိုကို့ ကိုBabyအဖော်ပြုပေးမယ်နော်"
"ရတယ် လိုရင်ခေါ်လိုက်မယ် အခုသွားလို့ရပြီ"
"ဟုတ် ကိုကို ပြွတ်"
ကောင်လေးကသွက်လက်စွာဖြေရင်း နိုင်းနှုတ်ခမ်းဖျားကိုဖျတ်ကနဲနမ်းရင်းလှည့်ထွက်သွား၏ ချက်ချင်းဆိုသလိုစားပွဲဝိုင်းပေါ်မှတစ်ရှူးတစ်ရွက်ယူကာ နိုင်းကိုယ့်နှုတ်ခမ်းကိုယ်ဆွဲပွတ်သုတ်ပစ်လိုက်သည် နိုင်းဘဝမှာအပျော်တွဲခဲ့တဲ့ဘယ်သူတစ်ဦးတစ်ယောက်ကိုမှကိုယ့်ဘက်ကစ၍မနမ်းဖူးသလို မလိုချင်ပါပဲရက်ရောစွာပေးကမ်းလာတဲ့အနမ်းတွေကိုလဲမသတီပေ အထူးသဖြင့်ငွေကြောင့်လာကပ်တဲ့ခုနလိုဟာမျိုးတွေပေါ့ တွဲခဲ့သမျှကိုလဲတစ်ပတ်ထက်ပိုမတွဲပဲ လျှော်ကြေးအပုံလိုက်ပေးပြီးဖြတ်ခဲ့တာချည်းဖြစ်သည် ဘယ်သူ့နဲ့မှလဲလွန်လွန်ကျူးကျူးမဆက်ဆံတတ် အပျင်းပြေအပျော်တွဲရုံသာ
"နိုင်း မင်းကိုဒီတစ်ယောက်လာနွယ်ပြန်ပြီလား"
တိတ်ဆိတ်နေတဲ့စကားဝိုင်းကိုရောင်ဝါကဖြိုခွင်းလိုက်သည်
"အဟင်း လူဆိုတာကိုယ်လိုချင်တာရှိရင် ဘာမဆိုစတေးပစ်ဖို့အဆင်သင့်ဖြစ်နေကြတာ စိတ်ပျက်စရာတွေပါ"
နိုင်းရဲ့စကားကြောင့်beerခွက်ထဲရေခဲတုံးလေးတွေထည့်နေတဲ့မြတ်ဘုန်း တခွီခွီထရယ်တော့သည်