"နိုင်း တော်တော့မင်းသောက်တာအရမ်းများနေပြီ"
"ဟုတ်တယ်ဟေ့ကောင် မင်းတစ်ယောက်ထဲတင်ထန်းရည်သုံးမြူဖြစ်နေပြီ တော်လိုက်တော့"
မြတ်ဘုန်းနှင့်ရောင်ဝါတားနေကြသော်လဲအဖတ်မလုပ်ပဲထန်းရည်တစ်မြူပြီးတစ်မြူသောက်နေတဲ့ကောင်ကိုကြည့်ကာသက်ပြင်းချမိကြသည်။မနေ့ညကထဲကထန်းတောသွားမယ်တကဲကဲလုပ်နေသဖြင့်မနည်းချော့မော့ကာဒီမနက်မှလာကြခြင်းဖြစ်သည်။အစ်ကိုယိမ်းပင်ယံဆီသွားမယ်ဆိုပြီးပြန်လာကထဲက နိုင်းဒီသံလွင်တို့စိတ်လက်တစ်ဆစ်ဖြစ်နေတာ။ဘာတွေဖြစ်ခဲ့ကြသလဲတော့ဘယ်သူမှမမေးရဲကြပါ။အသားလွတ်ကြီးတော့ဘယ်သူကမှအထိုးမခံချင်ဘူးမလား။
"နိုင်း တော်ပြီလို့"
"ရှူး ရောင်ဝါ ငါနားငြီးတယ်တိတ်တိတ်နေပေး"
ထိုတစ်ခွန်းသာပြန်ပြောပြီးအမြည်းစားလိုက်ထန်းရည်ဆက်သောက်လိုက်လုပ်နေပြန်သည်။ဒီအချိန်မှာအတင်းဆွဲခေါ်ရင်လဲသူ့လက်သီးစုတ်ပြတ်သွားမလား ကိုယ့်မျက်နှာပဲစုပ်ပြတ်သွားမလားထဲကတစ်ခုခုပဲ။ဘယ်လောက်ပဲသူငယ်ချင်းဆိုဆို နိုင်းဒေါသထွက်နေတဲ့အချိန်ဆိုရောင်ဝါတို့အားလုံးသတိရှိကြရသည်။မဟုတ်ရင်ဓားစာခံကကိုယ်ဖြစ်သွားတတ်လွန်းလို့။ထို့ကြောင့်အလိုက်သင့်လေးနေဖို့ပဲဆုံးဖြတ်ထားကြသည်။
"ဘာလို့များအဲ့လိုထင်ရက်ရတာလဲ "
"တော်တယ် ယိမ်းပင်ယံကသိပ်ကိုတော်တယ် ငါလိုကောင်ကိုဒီလိုဖြစ်အောင်လုပ်နိုင်တယ် အဟက်"
"ငါကလဲငါပဲ ဘာလို့သူ့ကိုမှအဲ့လောက်ထိစွဲလမ်းနေတာလဲမသိတော့ဘူး "
တစ်ယောက်ထဲပြောလိုက်ရယ်လိုက်လုပ်နေသော နိုင်းကိုရောင်ဝါရော မြတ်ဘုန်းပါနားမလည်သလိုကြည့်နေကြသည်။ဒါက နိုင်းဒီသံလွင်ရဲ့စတိုင်လ်မဟုတ်ဘူးမလား။မူးပြီးပေါက်တက်ကရတွေ လျှောက်ပြောနေတာကလေ။ နေပူပူနဲ့မသောက်ဖူးတဲ့ထန်းရည်သုံးလေးအိုးဆင့်သောက်လိုက်လို့တစ်ခုခုဖြစ်သွားတာလား။သေချာတာတော့ရောင်ဝါတို့နှစ်ယောက်လုံးရဲ့အတွေးထဲမှာ နိုင်းဆိုတဲ့ကောင်ကိုပြောင်းလဲစေနိုင်တဲ့သူရှိနေပြီပဲ ဟုသာထင်ကြေးပေးနိုင်ကြတော့သည်။