မနက်ခင်း၏အလင်းတန်းစူးရှရှသည် တဖျပ်ဖျပ်လွင့်လူးနေကြသည့် လိုက်ကာစတို့ကြားမှ တိုးဝင်လာ၏။မှေးမှိတ်ထားသည့် မျက်လုံးတို့အားထိုအလင်းတန်းများကြောင့်ဖွင့်ကြည့်မိတော့ လူသူကင်းမဲ့နေသည့်အမည်မသိနေရာတစ်ခုသို့ရောက်နေမှန်းသိရသည်။ယိမ်း ထိုနေရာကိုရင်းရင်းနှီးနှီးသိနေပေမဲ့စဥ်းစားလို့မရ။မောင်ရော?မောင်ကယိမ်းကိုထားခဲ့ပြီး ဘယ်ကိုသွားလိုက်တာလဲ။မောင်များရှိနေမလားအသိဖြင့် အလင်းထုထဲစမ်းတဝါးဝါးလျှောက်သွားမိတော့ အဖြူရောင်အိမ်လေးတစ်လုံးဆီရောက်ခဲ့ပြန်၏။အခန်းတစ်နေရာအရောက် မောင့်ကိုတွေ့လိုက်ရသည်။မောင်ကလက်ထဲမှာ ဘာမှန်းမသိတဲ့အရာလေးတစ်ခုကိုတယုတယကိုင်းထားတာ။
"မောင်!မောင့်"
"......."
"မောင် ငါခေါ်နေတာကြားလား"
"မောင် ငါ့ဆီလာခဲ့လေ!မောင် လက်ထဲကဘာလေးလဲဟင်"
"မောင် ငါ့ဆီလာခဲ့ပါလို့!မောင်"
ယိမ်းဘယ်လောက်ခေါ်ခေါ်မောင်ကလှည့်ကြည့်မလာဘူး။လက်ထဲကအရာသေးသေးလေးကိုသာ ပြုံးပြီးကြည့်နေသတဲ့။ယိမ်း ဝမ်းနည်းစိတ်တို့တဖြည်းဖြည်းကြီးထွားလာပြီး ထိုနေရာတွင်ထိုင်ချကာ အော်ဟစ်ငိုယိုမိတော့သည်။
"အဟင့်!မောင် ငါခေါ်နေတယ်လေ လာလို့!မောင့်လက်ထဲက သေးသေးလေးပါခေါ်ခဲ့လို့ အီးဟီးးမောင်!"
ယိမ်း ငိုရလွန်းလို့အသံတွေကွဲအပ်လာသည်အထိ။မောင်ကတော့ ထိုနေရာကနေတုတ်တုတ်မှမလှုပ်။တဖြေးဖြေးပတ်ဝန်းကျင်ဟာ ပိုတိတ်တိတ်လာပြီး မှောင်ရီစပြုလာပြီ။တစ်ချက်တစ်ချက် မောင့်ရဲ့ရယ်မောသံကိုလဲကြားရ၏။
"ဟင့်!မောင် ငါ့ဆီလာပါ!ငါတစ်ယောက်ထဲကြောက်နေပြီ အင့်"
"တစ်ယောက်ထဲမဟုတ်ဘူး"
မျက်ရည်တွေကြားကမော့ကြည့်လိုက်တော့ ယိမ်းကိုပြန်ငုံ့ကြည့်ပြီးစိတ်ပါလက်ပါပြုံးပြနေသည့်မောင်။ယိမ်းလဲ ထိုင်နေရာကချက်ချင်းထပြီး မောင်ခါးကိုကျစ်နေအောင်ဖက်ပစ်လိုက်၏။
"အရမ်းမဖက်နဲ့လေ!သူနာသွားမှာပေါ့အချစ်ရဲ့"
"ဟင်!သူ?ဘယ်သူလဲ"