"ကိုလွင်ဦး ...""အေး ဘာလဲညီညီ လာလေအိမ်ထဲဝင်လေကွာ "
"မဝင်တော့ဘူး အစ်ကိုတို့ကို ဘသူကြီးကခေါ်ခိုင်းလိုက်လို့ "
"ဘာကိစ္စရှိလို့လဲဟင် "
"မသိချင်ယောင်ဆောင်မနေနဲ့ မနေ့ကထန်းတောမှာရန်ဖြစ်ကြတာဘယ်သူတွေလဲ "
"ဒါဆို ငါတို့ကိုထိတ်တုံးခတ်မလို့ပေါ့နော် ဟုတ်လား"
"သိပ်ဟုတ် အရမ်းဟုတ်... ကိုတာတီးတို့တွေတော့ခတ်ခံနေရပြီ အခုအစ်ကိုတို့ပဲကျန်တော့တယ်"
လွင်ဦးမျက်နှာမသာမယာနှင့်ရှုံ့တွသွားသည်။ထိုစဥ်အိမ်ထဲမှ နိုင်းနှင့်မြတ်ဘုန်းတို့ထွက်လာကြ၏။
"လွင်ဦး ဘာဖြစ်လို့လဲ မျက်နှာကခရမ်းသီးပိန်ကြီးကျနေတာပဲ"
"သူကြီးက ကျုပ်တို့ကိုထိပ်တုံးခတ်ဖို့ ခေါ်ခိုင်းလိုက်တယ်တဲ့"
"ဟုတ်လား သွားရအောင်လေ "
နိုင်းကအေးအေးဆေးဆေးပြောတော့လွင်ဦးမှာကြောင်တောင်တောင်ဖြစ်သွားရသည်။ နောက်မှပြန်စဥ်းစားကြည့်တော့ လွင်ဦးမျက်လုံးတို့ဘလင်းဘလင်းဖြစ်သွားရသည်။ခါတိုင်းလို ပျိုဖြူလေးနဲ့ခိုးကြောင်ခိုးဝှက်တွေ့စရာမှမလိုတော့ပဲ။ဟဲဟဲ အစ်ကိုသံလွင်တို့ကသိပ်ပြီး အမြင်ရှိသကိုး။ပျိုဖြူလေးရှိတဲ့အရပ်မှာပျော်ပျော်ကြီးနေရမှာပေါ့ အဟီးး။
"အဲ့တာဆို အခုပဲသွားကြမယ်လေ လာလာ အစ်ကိုတို့သူကြီးကနောက်ကျရင်မကြိုက်ဘူးဗျ "
"နေပါဦးလွင်ဦးရဲ့ အိမ်ထဲမှာမင်းအစ်ကိုရောင်ဝါရှိသေးတယ် ခုနလေးတင်ရေချိုးပြီးဝင်သွားတာ"
"ဟုတ်လား အာ ညီညီ မင်းသွားဝင်ခေါ်လိုက်ကွာ ငါတို့သွားနှင့်မယ်"
"ဘာဆိုင်လို့ကျွန်တော်က သွားခေါ်ရမှာလဲ "
"လုပ်ပါကွာ သူကြီးကအချိန်တိကျမှအပြစ်ပေါ့ပေါ့လျော့လျော့ပေးမှာပေါ့ သွားမယ်အစ်ကိုတို့"
ကိုလွင်ဦးသည် ဟိုအစ်ကိုနှစ်ယောက်ကိုအတင်းဆွဲခေါ်ကာထွက်သွားတော့သည်။ဘာလို့ ဟိုလူကြီးကိုညီညီကသွားခေါ်ရမှာလဲ ဝေးသေးး။