"နိုင်းဒီသံလွင်! မင်းစကားကိုဘယ်လိုတွေပြောနေတာလဲ""ကျစ်! ဒယ်ဒီ့ကြောင့်လေ ဘာလို့ကျွန်တော့်ကိုညာခေါ်တာလဲ"
"ဟေ့ကောင် ဒါမင်းနေတဲ့အိမ်လေ ငါမခေါ်ရင်တောင်မှ မင်းပြန်လာရမှာမဟုတ်ဘူးလား ဘာလဲ မင်းကဟိုရွာမှာတစ်သက်လုံးနေဖို့များစိတ်ကူးနေတာလား"
"မပြောတတ်ဘူး "
"ဟေ့ကောင် စကားကိုအလွယ်မပြောနဲ့ တစ်နေ့ငါပိုင်တဲ့လုပ်ငန်းတွေကိုသားဖြစ်တဲ့မင်းကတာဝန်ယူဦးစီးရမှာကိုခေါင်းထဲထည့်ထားအုံး အချိန်ဖြုန်းနေတာတွေလုံလောက်ပြီကွာ မနက်ဖြန်ကစပြီးဒယ်ဒီနဲ့companyကိုလိုက်ခဲ့ရမယ် ဒါပဲ"
"ဒယ်ဒီ!!"
"တော် တော် ဟေ့ကောင် ဘာတစ်ခုမှငြင်းဖို့မစဥ်းစားနဲ့ မင်းမာမီကိုလဲအပူမကပ်နဲ့ ငါဆုံးဖြတ်ပြီးပြီ မင်းအကြောမာတာထက်မင်းအဖေငါကပိုပြီးအကြောတင်းတာသိတယ်မလား "
တိကျပြတ်သားစွာပြောလာတဲ့ဒယ်ဒီ့စကားတွေကြောင့် နိုင်းစိတ်ပျက်လက်ပျက်နဲ့ဆံပင်တွေအား လက်ဖြင့်ဆွဲဖွပစ်လိုက်၏။ရွာအထိ လူလွှတ်ပြီးမာမီမူးလဲပါတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ လိမ်ခေါ်တာမို့ ချက်ချင်းရန်ကုန်ပြန်ခဲ့ရသည်။အိမ်ပြန်ရောက်တော့ မာမီကအကောင်းကြီး။အားလုံးကဒယ်ဒီ့အကြံတွေဖြစ်တာကြောင့် နိုင်းဒယ်ဒီ့ကိုတကယ်လက်လန်မိပါသည်။အင်းလေ.. နိုင်းဒီသံလွင်ရဲ့အဖေဦးနိုင်းဒီပါ ကလဲတော်ရုံအကြောမှမဟုတ်တာ။ဆက်ပြောရင်ဆက်ရှုပ်ဦးနေမှာမို့ဒယ်ဒီ့သဘောအတိုင်းကျေနပ်အောင်နေပေးဖို့ပဲရှိတော့၏။ဘေးနားမှာရှိတဲ့မာမီကတော့ ဘာမှဝင်မပြောပဲ နိုင်းကိုသာအရိပ်တကြည့် ကြည့်လုပ်နေသည်။
"ဒါဆို ကျွန်တော်ကဘယ်အချိန်ရွာကိုပြန်ရမှာလဲ "
"မင်းလုပ်ငန်းတွေကိုသေချာ နားလည်ပြီဆိုရင် ငါစဥ်းစားပေးမယ် "
"အဟက်! "
"ဘာရယ်တာလဲဟေ့ကောင် အဖေကိုပြောင်နေတာလား"
"ဘာမှမဟုတ်ဘူး ဒယ်ဒီပြောချင်တာဒါပဲမလား ကျွန်တော်အရမ်းပင်ပန်းနေပြီ သွားနားတော့မယ် "