မနက်မိုးအလင်းမှာတော့ သူကြီးအိမ်တွင်ရွာသူရွာသားတို့ စုဝေးရောက်ရှိနေကြသည်။လွင်ဦးနှင့်ရောင်ဝါတို့မှာလဲ ခြေထောက်နှစ်ဖက်လုံးကို တိုင်ဖြင့်ကပ်၍ကြိုးအချည်ခံထားရလေသည်။အကြောင်းမှာ သူကြီးဘမြိုင်၏ချစ်လှစွာသော သားလိမ္မာလေးယိမ်းပင်ယံသည် လွန်ခဲ့သောညကထူးဆန်းစွာပျောက်ဆုံးသွားသောကြောင့်ဖြစ်သည်။
"တောက်စ်!!ငါညကတည်းကထင်တော့ထင်သား ငါ့ရွာမှာဒီလိုသူခိုးမခိုးဘူးပါဘူးလို့!မင်းတို့ကောင်တွေ သက်သက်လုပ်ကြံတာ ဥာဏ်ဆင်တာ!ဘယ်မှာလဲ ငါ့သားနဲ့မင်းတို့သူငယ်ချင်းလူလည်ကောင်"
"ဟို!ကျုပ်တို့လဲတကယ်မသိပါဘူးသူကြီးရယ် ညကသူခိုးဆိုလို့သူလဲထလိုက်ပြေးတာပါပဲဗျာ"
"အပိုတွေမပြောနဲ့ဟေ့ကောင်!သူတို့ဘယ်မှာလဲပဲပြော ဒီရွာမှာတောင်မရှိလောက်တော့ဘူးထင်တယ်!ပြောစမ်းငလွင်ဦး မင်းငါ့ဒေါသကိုသိတယ်မလားကွ"
"သိ သိပါတယ်သူကြီးရယ်!ကျုပ်လဲသူတို့ဘယ်မှာမှန်းမသိပါဘူး သိရင်လာပြောပါ့မယ်!အခုတော့ လွှတ်ပေးလေ နော်"
ဗြောင်လိမ်ဗြောင်စားလွင်ဦးကြောင့် ဦးဘမြိုင်ဒေါသတို့တရိပ်ရိပ်ထွက်လာတော့သည်။ရွာသူရွာသားတွေရှေ့မှာဘယ်လောက်မျက်နှာပျက်ရလဲ။ထပ်တုံးမရှိလို့ ခြေထောက်ကိုကြိုးချည်ထားရုံသာတတ်နိုင်၏။အဖြေမပေါ်မချင်းဒီတိုင်းကိုထားပစ်မယ်။စိတ်ထဲအသံတိတ်ကြိမ်းဝါးကာစိတ်ရှုပ်ရှုပ်နဲ့ အကြံထုတ်နေမိသည်။သားဖြစ်သူကယောက်ျားနောက်လိုက်သွားသည့်သတင်းသည် သူလိုရွာ၏အကြီးအကဲ သူကြီးတစ်ယောက်အဖို့မျက်နှာအိုးမဲ့အသုတ်ခံရတာထက်ပိုဆိုး၏။ထိုစဥ်ခြံထဲသို့ ဝင်လာသည့်လူသုံးယောက်ကြောင့် အားလုံး၏စိတ်အာရုံသည်ထိုဆီသို့ရောက်ကုန်ကြ၏။။
ထိုသူများမှာနိုင်း၏မိဘများနှင့် မြတ်ဘုန်းတို့ဖြစ်ကြသည်။ဒေါ်သက်ထားလွင်လဲသူမတို့အားထူးဆန်းသလိုကြည့်နေကြသည့် လူတွေအများကြီးကြောင့်ကြောင်တောင်တောင်ဖြစ်နေရသည်။လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ရွာကိုလိုက်လာဖို့လုပ်ပေမဲ့ ခင်ပွန်းဖြစ်သူ၏အလုပ်ကိစ္စတစ်ခုပေါ်လာသဖြင့်အခုမှသာလိုက်လာဖြစ်ခြင်းဖြစ်၏။နေရာအတိအကျမသိ၍ သား၏သူငယ်ချင်းမြတ်ဘုန်းကိုပါခေါ်လာခဲ့ရသည်။ရွာရောက်တယ်ဆိုပဲ ကြားလိုက်သားရသည့်သားဖြစ်သူ၏သတင်းကြောင့် ချက်ချင်းသူကြီးဆိုသူအိမ်သို့အမြန်လိုက်လာကြရတော့သည်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသည့်သားကိုလဲ တွေ့တော့မှဗိုက်ခေါက်ကြောနာနာလေးဆွဲလိမ်ပစ်မည်ဟု တေးထားလိုက်၏။ဒီကလေးက လွှတ်ထားလို့ကိုမရတဲ့ဟာလေး။