Part(8)

25.4K 1.4K 23
                                    


"ဒါဆို သားကဘယ်တော့လောက်မှပြန်လာဖို့စိတ်ကူးထားလဲ"

"မပြောတတ်ဘူးမာမီ စိတ်ချပါသားဘက်ကအမြဲဆက်သွယ်မှာမို့"

"သားကလဲလေ မာမီတို့မှာရှိတာမှသားလေးဒီတစ်ယောက် မိဘနဲ့အချိန်ကုန်မယ်ဆိုတာကိုမရှိဘူး လုပ်ချင်ရာလုပ်နေတော့တာပဲ မင်းဒယ်ဒီကိုမာမီဘယ်လိုပြောရမလဲ"

"ဒယ်ဒီကမာမီ့စကားတစ်ခွန်းပါပဲ သားဒီမှာအားလုံးအဆင်ပြေတယ် ပြီးတော့မကြာခင်မာမီတို့ကိုအကြောင်းပြချက်တစ်ခုပေးနိုင်တော့မယ်ထင်တယ်"

"အဲ့လောက်တောင်ပျော်နေတာလား ဘယ်လိုလဲရွာသူလေးတွေကတော်တော်ချောလို့လား"

"မာမီကဗျာ သားပြောတဲ့အထဲရွာသူလေးတွေဆိုတာမပါပါဘူး မာမီ့သမက်လောင်းကသူကြီးသား အဲ့လောက်ပဲမှတ်ထား သားဖုန်းချတော့မယ်"

"ဟဲ့ သား ဟောတော့်...."

ဒေါ်သက်ထားလွင်ဘာမှမပြောနိုင်ခင် သားကဖုန်းချသွားသဖြင့်ရင်မောစွာသက်ပြင်းချမိတော့သည်။သားကသူများရွာမှာပြဿနာတော့သွားမရှာလောက်ဘူးမလား။သူကြီးသားဆိုတာကဘယ်သူမို့လို့ရွာကနေပြန်မလာချင်လောက်တဲ့အထိဖြစ်နေရတာလဲ။အတင်းအကျပ်ပြန်ခေါ်ပြီးဆုံးမချင်ရင်တောင်ကိုယ့်သားအ​ကြောင်းကိုယ်သာသိတာမို့စိတ်လျှော့ထားရသည်။အင်းး သားတစ်ယောက်နဲ့လဲခက်ပါတယ်~~

..................................................

"နိုင်း ဇေယျပို့လိုက်တဲ့mailကိုတစ်ချက်ကြည့်လိုက်အုံး ဒီတစ်ခေါက်projectအတွက်ငါတို့ပါရှိဖို့လိုတယ်"

laptop screenထက်မှmailတစ်ခုကို​ကြည့်နေ​ပြီးပြောလာတဲ့ရောင်ဝါ့စကားကြောင့်မာမီ့ဖုန်းကိုချကာmac bookကိုဖွင့်ကြည့်ရသည်။companyကိုပစ်ထားရတာကြာနေပြီမလား။အရာရာတ်ိုင်းလှည့်​​ကြည့်စရာမလိုအောင်ယုံကြည်စိတ်ချရတဲ့ဇေယျရှိနေပေမဲ့တစ်ချို့အရာတွေကျကိုယ်တိုင်ကိုင်တွယ်မှဖြစ်မှာမို့မန္တလေးရုံးခွဲကိုရောက်လာရခြင်းဖြစ်သည်။
Q&S companyကို နိုင်းတို့အားလုံး၁၈နှစ်ပြည့်သည့်အချိန်ထဲကသုံးယောက်ပေါင်းကာတည်ထောင်ခဲ့ပြီးဘယ်သူတစ်ဦးတစ်ယောက်ကိုမှအသိမခံခဲ့ပေ။နောက်ဆုံးမိဘ​တွေကိုတောင်အသိမပေးခဲ့ပဲလက်တည့်စမ်းခဲ့ကြ၏။အစပိုင်းတော့လူငယ်သုံးယောက်ပဲအတွေ့အကြုံမရှိဦးစီးသဖြင့်အောက်ဆုံးထိုးချချင်သောပြိုင်ဖက်companyတွေကိုထုနဲ့ထေးရင်ဆိုင်ရသည်။နောက်ပိုင်းမှာတော့မထင်မှတ်လောက်အောင် အောင်မြင်လာခဲ့တာအားလုံးရဲ့ကြိုးစားမှုတွေကြောင့်ရရှိတဲ့အသီးအပွင့်တွေပေါ့။အခုဆိုQ&S Groupဆိုတာကလေးကအစခွေးအဆုံးမသိသူမရှိအောင်မြင်နေတဲ့ brandedတွေထုတ်လုပ်သော ​companyတစ်ခုဖြစ်နေပြီ။ဘယ်အဖွဲ့အစည်းကမဆိုပတ်သတ်ချင် ပူးပေါင်းချင်နေတဲ့လုပ်ငန်းစုဖြစ်ပေမဲ့ပိုင်ရှင်ဘယ်သူဘယ်ဝါမှန်း ပါတနာလုပ်ငန်းစုများမှအပ မည်သူကမှတိတိကျကျမသိပေ။မသိအောင်လဲတမင်အမှောင်ချထားရတာမလား။ပင်မcompany ရုံးချုပ်ကရန်ကုန်မှာရှိပြီးတခြားရုံးခွဲတွေက မန္တလေး ​နေပြည်တော် ဘန်ကောက်နဲ့ Tokyoအသီးသီးတွင်ရှိသည်။ရုံးခွဲတိုင်းမှာယုံကြည်ရတဲ့လက်ထောက်အသီးသီးရှိပြီးတစ်လသို့မဟုတ်လဝက်လောက်မှ နိုင်းတို့သုံးဦးထဲမှတစ်ယောက်ဖြစ်စေသုံးယောက်လုံးဖြစ်စေသွားစစ်ဆေးနေကျဖြစ်သည်။ရွာမှာရှိနေချိန်လိုင်းမမိ၍အဆက်အသွယ်မရခဲ့သမျှ မန္တလေးရောက်တော့မှဇေယျပို့ထားသမျှစာရင်းတွေ mailတွေ မာမီခေါ်ထားတဲ့missed callတွေတစ်သီကြီးnotiတက်လာသည်။

The Bad Guy Is My Husband [Completed]Donde viven las historias. Descúbrelo ahora