Part 6

2.9K 184 2
                                    

Unicode

အချိန်ကတလိမ့်လိမ့်နဲ့ ကုန်လာလိုက်တာ Dream မှာ Trainer လုပ်ရမဲ့အချိန်ရောက်မှန်းမသိကို ရောက်လာတာ ...

^ မင်းတဂယ်ကြီး ပြောင်းမလို့လားကွာ ... ငါနေ့တိုင်းလိုက်ပို့မရ်ဆိုတာကိုကွာ ^ မငိုယုံတမယ် လက်ကြီးဆွဲပီးပြောလာတဲ့ ဟောက်ရွမ်းကိုကြည့်ပီး Yibo ရယ်ချင်လာသည်။

သူက Company နဲ့နီးတဲ့ တိုက်ခန်းကိုပြောင်းဖို့ အကုန်စီစဉ်နေပီးသားကို လာရှုပ်နေတဲ့ ဟောက်ရွမ်းရယ်ပါ ...

^ မင်းက အလုပ်တဖက်နဲ့ လေကွာ ... ^ သူအရာရာတိုင်းကို ဟောက်ရွမ်းကို အားကိုးနေရင် သူဘာမှလုပ်တတ်ကိုင်တတ်မှာမဟုတ်တော့ဘူး ...

^ ငါ့ဆိုင်လဲ မင်းဆိုင်ပဲလေကွာ ... ငါ ရှယ်ယာ တ၀က်ထည့်ထားပီးထဲက မင်းလဲ ဆိုင်ကို ပလစ်ထားတာတော်တော်ကြာပီကို ^

ဟုတ်တရ် ... Yibo တို့နှစ်ယောက်က CALM & CHILL ဆိုတဲ့ Coffee ဆိုင်သေးသေးလေး တစ်ဆိုင်ဖွင့်ထားတာ ...

Green Tea ကြိုက်တတ်ပီး အေးဆေးရှိလှနေရာမှာ စာအုပ်လေးထိုင်ဖတ်တတ်တဲ့သူတစ်ယောက်ကြောင့် Coffee ဆိုင်လေးဖွင့်ဖို့ ရည်ရွယ်ခဲ့တာ ...

စဖွင့်ဖို့ ခေါင်းဆောင်ခဲ့တာ Yibo ဆိုပေမဲ့ ရှယ်ယာထည့်ပီး နောက်ပိုင်း နေ့တိုင်းအလုပ်မပြတ်သွားတာ ဟောက်ရွမ်း ...

^ အေးလေ ... ကျောင်းမပီးခင်ထဲက မင်းပဲ ဦးစီးနေတာ အဆင်ပြေတာပဲကို ... ငါမရှိလဲ ရတာပဲ ^

^ မင်းနဲ့တူတူလုပ်ချင်လို့တောင် ငါကရှယ်ယာထည့်တာလေကွာ ^ ဆူပုတ်ပြတ်နဲ့ရစ်နေတဲ့ ဟောက်ရွမ်းကိုကြည့်ပီး ကျိရန်ကော တောင်သနားမိတရ် ...

^ ဟေ့ကောင် ... ငါမင်းကျိရန်ကောမဟုတ်ဘူး တော်ယုံရစ် ^
Wang Yibo ဒေါသက လက်တဆစ် ...

^ ငါစိတ်မချဘူး Yibo ... မင်းကိုတစ်ယောက်ထဲ လွတ်ထားဖို့ငါစိတ်မချဘူး ... မင်းသွားရင် ငါပါလိုက်မရ် ... မဟုတ်ရင် မင်းလဲအာ့မှာလုပ်မနေနဲ့ ... ^

ရုပ်တည်ကြီးနဲ့ပြောလာတဲ့ ဟောက်ရွမ်းကြောင့် အ၀တ်ထည့်နေတဲ့ Yibo လက်က ရပ်တန့်သွားသည်။

သူ့အခြေအနေက အရင်လိုမဟုတ်တော့ဘူးဆိုတာ Yibo ကိုယ်တိုင်သိတယ် ...

Late Regret ( COMPLETED )Wo Geschichten leben. Entdecke jetzt