Part 25

2.1K 132 1
                                    

Unicode

^ ကျွန်တော် တောင်းပန်ပါတရ် ကိုကို ^

^ အင်း ... လူငယ်တွေပဲ ... ဖစ်တတ်ပါတရ် ... တစ်ခုပဲ ကော မင်းကိုသတိပေးချင်တရ် ... မေ့နိုင်အောင်‌တော့ ကြိုးစားပေးပါ ... ချစ်လွယ်မုန်းလွယ်မေ့လွယ်တဲ့ အရွယ်တွေပဲ မဟုတ်လား ... ကောပြောတာက မင်းအတွက်ပါ ... ကဲ ... အားလုံးစကြရအောင် ^

မေ့နိုင်အောင် ကြိုးစားပေးပါတဲ့လား ကိုကိုရယ် ...ပြောရတာ သိပ်လွယ်တာပဲ ... တနင့်တဖိုးဖစ်လာတဲ့ ခံစားချက်တွေက ပေါပေါပဲပဲမှ မဟုတ်တာပဲ ... ပထမဆုံးဖြစ်လာတဲ့ ခံစားချက်မို့ ပိုပီးပိုင်ဆိုင်ချင်မိတာ ...

ကိုကို မသိဘူး ... Dream ဆိုတဲ့ကောင်က စာလာပေးတဲ့ ကျား/မ မရွေးကို ငြင်းခဲ့တာ ...

ကိုကိုမသိဘူး ... ပေါ်တင်မြူဆွယ်တဲ့သူတွေမှန်သမျှကိုလဲ လူကြားထဲမှာ အားမနာတမ်း အရှက်ခွဲပစ်ခဲ့တာ ...

ကိုကိုမသိဘူး ... သေးသေးလာတင်ရင် လုံးကြီးတင်ပြန်တင်လိုက်ရမှ ကျေနပ်တတ်တာကို ...

အပြုံးမပျက် သူတောင်းပန်တာကို လက်ခံတဲ့ကိုကိုက သူ့အတွက်အားနာစိတ်ကလွဲ တခြားခံစားချက် ‌မြူမှုန့်တစ်ခုတောင်မရှိတဲ့ပုံပါပဲ ... ဆက်ချစ်နေမှာဖစ်တဲ့အတွက်လဲ ထပ်ပီးတောင်းပန်ပါတရ် ကိုကို ...

----------------------------------------------------------------------------------

^ မောင် ရောက်လာပီလား ^

Lunch စားချိန်တုန်းကလဲ တွေ့ပီးလို့မကြာ မောင်က ခု Training Room ကိုရောက်လာပြန်ပီ ...

^ မောင့်အလုပ်ကပီးသွားပီ ... Wang တို့ပီးတော့မလား ... ကိုယ်စောင့်နေမှာမို့ အေးဆေးလုပ် ... နောက်ပီး Wang အတွက် အကျီအပိုယူလာတရ် ... ^

^ အင်း ... မကြာတော့ဘူး မောင် ... ကျွန်တော့် အကျီအပိုပါလာပါတရ် မောင်ရဲ့ ... သွားလိုက်ဦးမရ် ... ခဏလေးပဲစောင့် ^

ကလေးတွေကိုပြန်ကခိုင်းတုန်း သူက မောင်နဲ့ တခါး၀မှပြောနေတာဖြစ်တရ် ... မောင် လာလိုက်တာနဲ့ သူ့တာ၀န်လစ်ဟင်းတာမျိုးအဖြစ်မခံနိုင်ပေ ...

^ Okay ညီလေးတို့ ... မင်းတို့ မနက်ဖြန် ရိုက်ကူးရေးရှိတရ်နော် ... အာ့မတိုင်ခင် နာရီ၀က်အလို ကောနဲ့တစ်ခေါက်ပြန်က ကြတာပေါ့ ... ^

Late Regret ( COMPLETED )Where stories live. Discover now