Part 17

2K 139 6
                                    

Unicode

^ ယွီပင်း ... Wang မလာသေးဘူးလား ^

မနက်မိုးလင်းထဲက တမေးထဲ‌ မေးနေတဲ့ Xiao Zhan ကို နီးစပ်ရာ တစ်ခုခုနဲ့ကောက်ပေါက်ချင်လာပီတရ် ... တကယ်ထဲ ... အကဲကိုပိုပိုနိုင်လွန်းတရ် ...

စားချိန်သောက်ချိန်မမှန်တော့ ရောဂါဟောင်းကပြန်ထမှာပေါ့ ... ဒီ‌တခေါက် ဆေးရုံတတ်နေရတဲ့ Xiao Zhan ကိုသူတစက်မှမသနား ... သူတို့နှစ်ယောက်ပေါင်းပီး ချော့တစ်ခါ ခြောက်တလှည့် ထမင်းကျွေးလဲ အရက်သာ လိမ့်ပိတ်သောက်နေမှတော့ ခံပေါ့ ...

ကြားထဲက ကျိုးချန်ပဲ သနားတရ် ... သူ့ခဗျာ Landon က မယားကိုတောင် ပစ်ပီး သူငယ်ချင်း အသည်းကွဲနေတာမို့ပြန်လာရှာတရ် ... မလာရင်လဲ ယွီပင်းက ဆဲတော့မှာ ...

Landon မှာပဲ Wedding လုပ်ပီးထဲက တစ်ခါထဲ Honeymoon ဆိုပီးထွက်သွားလိုက်တာ ကလေးရမှ တရုတ်ကိုပြန်လာမရ်တောင်ထင်ထားတာ ... နှစ်ကောင်သားကတော့ Landon မှာ ယွီပင်းတစ်ယောက်ထဲ တရုတ်မှာသာကျန်ခဲ့ရထဲက ဘူနေတာ ...

ခုတော့ Xiao Zhan အကြောင်းပြုပီး သူတို့သုံးယောက်လုံးပြန်ဆုံကြလေသတည်းပေါ့ ...

^ နေပါဦး Xiao Zhan ရယ် ... မင်းဟာလေးက အလုပ်ပီးမှ လာမှာပေါ့ ... ^

ယွီပင်းတောင် ဖြေစရာမလိုလိုက် ဆူပုတ်ပုတ်နဲ့ ကျိုးချန်ကအလိုက်တသိဖြေပေးရှာတရ် ...

^ Wang က ငါဆေးရုံတတ်ရတာကိုသိပီး အလုပ်သွားမရ်ထင်နေတာလား ... ဒါဆိုရင်အဖြေဟာ လုံး၀အမှား ... ဟဲ ဟဲ ... Wang က ဒီလောက် ငါ့ကိုချစ်တာကြီးကို ^

ဟုတ်တရ် ... Wang ကိုပေးလိုက်တဲ့စာနဲ့ပတ်သတ်ပီး Xiao Zhan က Negative ဘက်တွေကို မတွေးထားဘူး ...

တကယ်တည်းကျတော့ Wang ကိုပြောပီးနောက်ပိုင်း သူ့စိတ်ထဲရော ရင်ထဲရော အတော်ပေါ့သွားတာ ... ဧရာမအခက်အခဲတစ်ခုကို စမလုပ်ခင်တုန်းကခက်ခဲပင်ပန်းမရ်လို့ ထင်ထားပေမဲ့ လွယ်လင့်တကူပီးသွားတာမျိုး ...

အနည်းဆုံး Wang က မယုံနိုင်ပဲ လာပေါက်ကွဲမရ်ဆိုရင်တောင် သူက အေးဆေးပြန်ပီးရှင်းပြပေးဦးမှာ ...

တစ်ပတ်လောက်ခွဲလိုက်ရတဲ့ မောင်ရဲ့ Wang ကိုတွေ့ချင်လှပီ ... အမြန်လာပါတော့ အသည်းသက်လေးရယ် ...

Late Regret ( COMPLETED )Where stories live. Discover now