Part 24

2K 132 1
                                    

Unicode

^ မပို့နဲ့ မား ... ဟောက်ရွမ်းလိုက်ပို့တာမဟုတ်ဘူး ... ကျိရန်ကောလိုက်ပို့တာ ^

Yibo မြန်မြန်ဆန်ဆန် ပြောလိုက်တော့ ...

^ ကျိရန်ကော ဆိုတာ ဟောက်ရွမ်းနဲ့စေ့စပ်ထားတဲ့သူလား ^
Yibo မားကိုမကြည့်ပဲ ခေါင်းသာညိမ့်ပြလိုက်သည်။

^ သားငယ်က မားတောင် လိမ်တတ်နေပီပေါ့ ^

ပြုံးပြုံးလေးနဲ့ပြောနေပေမဲ့ မားရဲ့မျက်၀န်းတွေက Yibo အတွက်သိပ်ကြောက်ဖို့ကောင်းနေတာတော့အမှန် ...

^ ကျွန်တော် မလိမ်ပါဘူး ... အရင်တုန်းကလဲ ဟောက်ရွမ်းမဟုတ်ရင် ကော လိုက်ပို့နေကြပဲ ... အလွယ်ပြောလိုက်တာပဲရှိတာ ... ကျွန်တော်က မလိမ်ထားတဲ့အတွက် လိပ်ပြာလုံတရ် မား ... ^

ဒီတစ်ခါတော့ မား မျက်၀န်းတွေကို စေ့စေ့ကြည့်ပီး ပြောလိုက်တရ် ... အမူအရာတချက်မပျက်တဲ့ မားက သိပ်သရုပ်ဆောင်ကောင်းလွန်းတရ် ... အေးလေ ... တစ်ချိန်က မင်းသမီး မဟုတ်ပေလား ...

မားထက်သားက လက်စောင်းပိုထက်စေရမရ် မား ...

Yibo အကျင့်က တခြားအချိန်မှာသာ မားကိုကြောက်ရင်ကြောက်မရ် ... သူဒေါသထွက်တဲ့အချိန်ဆို ဘယ်သူ့ကိုမှကို မကြောက်တတ်တော့တာ ... ဒေါသထွက်ရင် သွေးဆူလွယ်တာကတော့ ပါးပါးနဲ့တူတာ ဖြစ်လိမ့်မရ် ...

^ အဟင်း ... သားငယ်ကတော့ကွာ ... ဟုတ်ပါပီ ... မားဟောက်ရွမ်းအတွက် ထည့်ပေးထားတာ သူ့အမျိုးသားလောင်းကိုပဲ ပေးလိုက်ပေါ့ ^

ဘာမှပြန်မပြောပဲ မားလက်ထဲကအထုပ်ကိုဆွဲပီးသာ ထွက်လာလိုက်တော့သည် ... မောင်စောင့်နေရတာ ကြာပီမဟုတ်လား ...

----------------------------------------------------------------------------------

^ မောင် စောင့်နေတာကြာသွားပီလား ^

^ Wang အတွက်ပဲ ဘယ်လောက်ကြာကြာပါ ^ အပြုံးလေးနဲ့ပြောလိုက်တဲ့ မောင်ကြောင့်ရင်ထဲမှာသိမ့်ခနဲ ...

ရှက်ပီး ပြတင်းပေါက်ဘက်အကြည့်ပို့မိတော့ ပေါင်ပေါ်တင်ထားတဲ့ လက်ကို မောင်က အတင်းယူပီး လက်ချင်းယှယ်တွဲလိုက်ပြန်တရ် ...

Late Regret ( COMPLETED )Nơi câu chuyện tồn tại. Hãy khám phá bây giờ