Part 7

2.7K 178 0
                                    

Unicode

^ အားလုံး Lunch Break လို့ရပါပီနော် ... ^ ခဏအကြာမှာ Boss ရဲ့အသံက Yibo နားထဲထိုးထွက်လာခဲ့တယ် ...

Xiao Zhan သူ့ကိုပြုံးပြပီးထဲက ရုပ်နဲ့နာမ်ကွဲသွားသလိုမျိုး သူ့စိတ်တွေလွင့်သွားခဲ့တာ ... ဒီလူနဲ့ တူတူအလုပ်လုပ်ရမယ်ဆိုရင် သူအဖြစ်တော့မလွယ်လှဘူး ...

ဟောက်ရွမ်းကို ဖုန်းဆက်ခေါ်လိုက်ရမလား ... ဒါမှမဟုတ် သူအလုပ်ထွက်လိုက်ရတော့မလား ... ဟိုကလေးတွေကလဲ ချက်ချင်းထွက်သွားရင်  သူတို့ကိုကြောက်လို့ ထင်နေဦးမှာ ...

ဟိုတွေးကြောက်ရ ဒီတွေးပူရနဲ့ သူအဖြစ်က မျောက်မီးခဲကိုင်ထားရသလို ...

အားလုံး အစည်းအဝေးခန်းထဲက ထွက်ပီးတာတောင် ကြောင်ပီးထိုင်နေတော့ Boss ကပခုံးလာထိမှ ပစ္စုပန်ကာလကို အသိပြန်၀င်တော့တယ် ...

^ Yibo ကိုယ်နဲ့ ထမင်းတူတူလိုက်စားပါလား ^

^ ဟင် ... အင်း ... ဟို ... တော်ပီ Boss ... ကျွန်တော် ဗိုက်မဆာတော့လို ^ တောင်စဉ်ရေမရ ထွက်လာတဲ့စကားတွေနဲ့ ပြန်ဖြေလာတော့ Boss ကခပ်ဟဟ ရယ်ပြန်တယ် ...

^ အတွေးတွေလွန်နေတာလား ... ဘာလဲ ... စီနီယာနဲ့ လုပ်ရမှာမို့ ရှိန်နေတာလား ... ^

အာ့တော့မှာ ဘေးကိုကြည့်မိတော့ သူ့ကိုပြုံးပီးကြည့်နေတဲ့ Xiao Zhan ...

^ မဟုတ်ပါဘူး Boss ... ကျွန်တော်စဉ်းစားနေတာ နောက်တစ်ခုပါ ^ မုသားမပါ လကံာမချောတဲ့ ... ကျွန်တော့ ex နဲ့ လက်တွဲလုပ်ရမှာ ပျော်နေရမှာလား လို့ အော်ဟစ်ပီးသာ ပြောချင်လိုက်တော့သည်။

^ ဒါဆို ကျွန်တော့ကို ခွင့်ပြုပါဦး ^ နှစ်ယောက်လုံးဘက်ကို ခေါင်းငုတ်ပြပီး လှည့်အထွက် လက်တဖက်အဆွဲခံရတော့ မော့ကြည့်တော့ Xiao Zhan ...

^ Dew မင်းအရင်သွားနှင့် ... ငါ ပြောစရာလေးနည်းနည်းရှိနေလို့ ^

^ ငါ့တို့ Yibo ကိုမင်း ဂျူနီယာဆိုတိုင်း အလုပ်မှာမနှိပ်စက်နေနဲ့နော် ^ ငါ့တို့ Yibo ဆိုတဲ့ Boss စကားကြောင့် ဆုပ်ကိုင်ထားတဲ့ လက်တဖက် တင်းကျပ်သွားတာ သူစိတ်ထင်တာများလား ...

ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်တဲ့ Xiao Zhan ကပြုံးနေပေမဲ့ မျက်၀န်းတွေက ကြောက်ဖို့ကောင်းနေပြန်တယ် ...

Late Regret ( COMPLETED )Where stories live. Discover now