Unicode
^ မောင် ^
Yibo မျက်လုံးပွင့်တာနဲ့ တမ်းတမိတာ သူ့ ရှင်သန်ရာလေး ကိုပင် ...
နာရီကို ကြည့်လိုက်မိတော့ ၈နာရီ ကျော်ကျော် ... ညကအစောကြီး အိပ်ယာ၀င်ခဲ့တာမို့ ဒီအချိန်လောက်ဆို မောင်လဲနိုးလောက်ရောပေါ့ ...
မောင်အကြောင်း တွေးလိုက်တာနဲ့ ကြည်နူးမှု့တွေက ရင်ထဲမှတစ်သိမ့်သိမ့်ပဲ ... အလုပ်က ဒီနေ့သွားဖို့လဲ စိတ်ကူးကရှိမနေ ...
မောင်သက်သာမှပဲ မောင့်ကားလေးနဲ့ အတူတူရုံးတတ်ဖို့ရည်ရွယ်ထားတရ် ... ဒါမှမဟုတ် မောင်က သူ့ခါးလေးကို ဖတ်ပီး ဆိုင်ကယ်လိုက်စီးပေါ့ ...
အဟိ ... အတွေးနဲ့ထပ်တူ အပြင်က ကိုယ့်ရယ်သံကိုကြားလိုက်မိတော့ Yibo ဘယ်သူ့မှမရှိတဲ့အခန်းမှာလဲ ကိုယ့်ကို မလုံမလဲ ...
မောင့် အခန်းမှာပဲ ကိုယ်လက်သန့်စင်ပီး မောင့် အကျီပွပွကြီး၀တ်ပီးပဲ ဆေးရုံသွားဖို့ပြင်ရတော့တရ် ...
အခန်းထဲကအပြင်အထွက်မှ ညကဟောက်ရွမ်းပါလာတာ သတိပြန်ရတရ် ...
ဧည့်ခန်းရဲ့ ကြမ်းပြင်မှာ ဘာမှမခင်းပဲ အိပ်နေတဲ့ ကျိရန်ကောနဲ့ ဟောက်ရွမ်း ... ဟောက်ရွမ်းလဲ သူ့ကြောင့်နဲ့ ပင်ပန်းရတာ နည်းတာမှမဟုတ်ပါ ... ခုဆို ကျိရန်ကောပါ အဆစ်ပါနေသေး ...
ဒါပေမဲ့လဲ ဧည့်ခန်းမှာ ဟောက်ရွမ်းလက်မောင်းပေါ် ခေါင်းအုံးအိပ်နေတဲ့ ကျိရန်ကောတို့ အတွဲကို ကြည့်ကောင်းကောင်းနဲ့ ခဏကြည့်နေမိသေးတရ် ...
မနိုးရင်လဲ မောင့်ဆီသွားဖို့ ဘယ်သူ့ကို လိုက်ပို့ခိုင်းရမှာလဲ ...
သူက ကားမောင်းဖို့ကို စိတ်မ၀င်စား ... မောင်းမိပြန်ရင်လဲ တစ်ခုမဟုတ်တစ်ခု ၀င်ကြုံးပစ်လိုက်ရမှဆိုတော့ကား ... ဆောရီးပါ သူငယ်ချင်းလေးရေ ...
^ ဟောက်ရွမ်း ... သားကြီး ... ငါ့ကို လိုက်ပို့ပါဦးကွာ ^
^ ဟင် ... အင်း ... ^ အအိပ်စက်တဲ့ ဟောက်ရွမ်းက လေသံလေးနဲ့နိုးတာတောင် ခဏမကြာလိုက် ...
^ မင်းနိုးပီလား ... ဟမ် ... အ၀တ်အစားတွေတောင် လဲပီးသွားပီးလား ... ရှူး ... ကောအိပ်နေတရ် ... ^
YOU ARE READING
Late Regret ( COMPLETED )
Short StoryUnicode ချစ်နေတုန်းပါ ... ဒါပေမဲ့လဲ မပတ်သက်ချင်တော့ဘူး ခင်ဗျားရယ် Wang Yibo ငေးကြည့်ရုံနဲ့ တင်းတိမ်နိုင်မရ်ထင်လို့ လွတ်ချမိလိုက်တာပါ ... မင်းနဲ့ပတ်သတ်ရင် လောဘကအတောမသတ်နိုင်ဘူးဆိုတာ ကိုယ်မေ့သွားတာ ... Xiao Zhan Zawgyi ချစ်နေတုန်းပါ ... ဒါပေမဲ့လဲ မပတ...