Seven Days

1.4K 110 1
                                    

Unicode

1st Day - အစ်ကိုက သူပြောသလိုပေါ်မလာခဲ့ဘူး ...

Wang Yibo

ကိုယ့်အလုပ်ကိုယ် လုပ်တာတောင် အစ်ကိုအနားမှာမရှိဘူးဆိုတဲ့အသိက ဟာတာတာရယ်ပါ ... ၃နှစ်နီးပါးနေသားကျခဲ့တဲ့ကျွန်တော်က တစ်ရက်လောက်အနားမှာရှိနေပေးရုံနဲ့ အကျင့်ပျက်သွားခဲ့တာ ...

Dream ကလဲ ကျွန်တော်ကို ကော တစ်ယောက်လိုပဲဆက်ဆံလာတရ် အစ်ကို ... အစ်ကိုသာသိရင် မျက်နှာကြီးရှုံမဲ့ပြပီး သူကလွဲဘယ်သူမှမယုံနဲ့ဆိုပီး ဂျီတိုက်ဦးမှာ မြင်ယောင်မိသေး ...

Xiao Zhan

ကိုယ့် Wang ရှေ့မှာ ဖြေရှင်းချက်ပေးဖို့ ကိုယ်အားမွေးနေတရ် Wang ... Wine လောက်သာသောက်ဖစ်တဲ့ Wang က မူထူနေတဲ့အရက်နံတွေနဲ့ ကိုယ့်ကိုသာမြင်ရင် ဘယ်လောက်တောင်ဆူလိုက်မလံလို့တွေးကြည့်ပီးပြုံးမိတရ် ...

2nd Day - အစ်ကို ကို နဲနဲ စိတ်ဆိုးချင်လာပီ

Wang Yibo

အရင်တုန်းကလုပ်ချင်တာလုပ်ခဲ့သမျှ မဆက်သွယ်ရဘူး ဆိုတဲ့စကားကိုတော့ ခင်ဗျား မြေ၀ယ်မကျနားထောင်နေလိုက် ...

ကလေးတွေနဲ့ club ဘဲ လိုက်သွားတာကောင်းတရ် ... အစ်ကိုကို ပိစီလေးစိတ်ဆိုးတာမို့ အရက်လေးမဆိုသလောက်သောက်မိသွားတာ ဗွေမယူရဘူးနော် ... အစ်ကို လာချော့တဲ့အချိန်ကျရင်တော့ အတိုးရော အရင်းပါစိတ်ကောက်ပစ်မှာ ...

Xiao Zhan

ကလေးလေးရေ ... လွမ်းလိုက်တာကွာ ... တစ်ရက်မတွေ့ရရင်မနေနိုင်တဲ့ကိုယ့်ကို ချတဲ့အပြစ်ဒဏ်က မဆက်သွယ်ရဘူးတဲ့လား ... မဆက်သွယ်ခိုင်းဘူးဆိုထဲက ကိုယ့်အသံရော ရုပ်ရော မကြားချင်မမြင်ချင်ဘူးလို့ သတ်မှတ်လိုက်မရ် Wang ...

လုပ်ချင်တာမှန်သမျှ ထင်တိုင်းကြဲခဲ့တဲ့ ကိုယ်က ဒီတစ်ခေါက် ကိုယ့် Wang စကားနားထောင်ပေးလိုက်မရ်နော် ... ဒါပေမဲ့ ကိုယ်နဲနဲတော့ ညဏ်များပြရစေ ...

3rd Day - အစ်ကိုကို စိတ်ဆိုးလာပီ

Wang Yibo

မျက်နှာလေးမြင်ချင်လိုက်တာ အစ်ကိုရယ် ... အေးလေ ... ၃နှစ်နီးပါးတောင် နေနိုင်ခဲ့တဲ့အစ်ကိုပဲဟာ ... စိတ်ပေါက်ပေါက်နဲ့ ကလေးတွေကိုပဲ မဲပီး နားချိန်တောင်မပေးပဲ အနိုင်ကျင်မိတရ် ... ကျွန်တော်ကဆိုးတရ်နော် ... ဆိုးတဲ့ကျွန်တော်ကို ဆုံးမပေးဖို့အတွက် အစ်ကိုက အမြဲရှိနေပေးမရ်မလား ...

Late Regret ( COMPLETED )Donde viven las historias. Descúbrelo ahora