Part 28

1.9K 133 2
                                    

Unicode

^ ညီညီ ...Yibo သွားစရာရှိလို့နေမှာပေါ့ ... ငါ့ညီတွေ ပင်ပန်းသွားပီနော် ... အားလုံးအေးဆေးနားပီးမှ ညကျမှပြန်တွေ့ကြတာပေါ့ ... ညီညီ မင်းခဏနေခဲ့ဦး ... ကိုကြီးပြောစရာရှိတရ် ^

^ ဘာကိစ္စလဲ ကိုကြီး ^

ရိုက်ကူးရေးတွေ သိမ်းစရာရှိတာသိမ်းပီးလူရှင်းတဲ့အထိ စောင့်နေတာမို့ အတော်လေးတောင် ကြာသွားတရ် ... ညီညီကို နားစေချင်ပေမဲ့ ပြောစရာရှိတာတော့ ပြောမှ‌ဖြစ်မှာမို့ ...

^ မနေ့က ညီညီ ဘယ်လိုပြန်ရောက်လာလဲသိလား ^

^ မမှတ်မိတော့ဘူး ^

^ အဟင်း ... ညီညီက ဘယ်တုန်းကတစ်ခွက်ထဲနဲ့မူးတတ်သွားတာလဲ ... ကိုကိုပဲ အမှတ်မှားတာများလား ^

^ ကိုကြီး ပြောချင်တာ ဒါပဲလား ... ဒါဆို ကျွန်တော်သွားနားတော့မရ် ^

^ Yibo ကိုမေ့လိုက် ညီညီ ... မင်းသက်တမ်းမှာ မင်းနဲ့ကိုက်ညီမဲ့လူတစ်ယောက်ရှိနေဦးမှာပဲ ^

^ ဟက် ... နောက်ဆုံးတော့လဲ ဒီစကားနဲ့ပဲ အဆုံးသတ်တာပေါ့ ... ကိုကို့ကို မေ့ဖို့ချစ်ခဲ့တာမဟုတ်ဘူးလို့ ကျွန်တော်ပြောဖူးတရ်နဲ့တူတရ် ... ကျွန်တော့်ကိစ္စတွေ ၀င်မပါနဲ့ ကိုကြီး ... ကျွန်တော်မကြိုက်ဘူး ...^

ဟာသပဲ ... Sean ဆိုတဲ့သူက ကိုကြီးကို ဘာများထပ်ပြောလိုက်လို့ ကိုကြီးက သူ့ကိုအက်ကြောင်းထပ်အောင်လာပြောနေရတာလဲ ...

^ မင်းလဲ သူများကိစ္စတွေကြား ၀င်မရှုပ်နဲ့ ညီညီ ... ဒါဆို ကိုကြီးလဲ လိုက်ပြောစရာမလိုဘူး ... Sean ကို ငနုံငအ များ မင်းထင်နေလား ... မင်းမနေ့ကမမူးတာကအစ သူသိတရ် ... အေး ... သိလို့လဲ ... ငါ့ကိုဖုန်းဆက်ပီး မင်းပြောသမျှနားထောင်ခိုင်းနေတာပေါ့ ... ညီညီ အကယ်၍သာ Yibo စိတ်ကမင်းဆီမှာရှိပီး Sean ကနှောက်ယှက်နေမရ်ဆို ကိုကြီးက မင်းဘက်ကနေဖို့ ၀န်မလေးဘူး ... ခုက ညီညီရာ ... မင်းရုပ်ရည် မင်းအဆင့်အတန်းနဲ့ သူများရည်းစားကိုမှ ... ကျစ် ^

^ ကိုကိုသာ ကျွန်တော်နဲ့ အရင်တွေ့ခဲ့မရ်ဆိုရင် Sean ဆိုတာ ကိုကို့ဘ၀မပြောနဲ့ ကိုကို့ မှတ်ညဏ်ထဲတောင် ရှိနေမှာမဟုတ်ဘူး ... ဟုတ်တရ် ... ခုချိန်မှာ ကိုကိုဟာ သူများချစ်သူ ... ဘာဖြစ်လဲ ... လက်မထပ်ရသေးသ၍ ကျွန်တော့်မှာ ကြိုးစားပိုင်ခွင့်အပြည့်ရှိတရ် ... ကျွန်တော်ကမှ ကိုကြီးညီအရင်းပါ ... သွေးကရေထက်ပျစ်တရ်တဲ့ ... ဟက် ... ကိုကြီးနဲ့မှ သူစိမ်းဘက်မှာ ရှိနေရတရ်လို့ ^

Late Regret ( COMPLETED )Dove le storie prendono vita. Scoprilo ora