Part 4

3.1K 196 2
                                    

Unicode

Consulting လုပ်ပီး Doctor နဲ့အတူထွက်လာတာနဲ့ တန်းမေးလာတဲ့ ဟောက်ရွမ်း ... ကြည့်‌ပီးမေးတာ သူ့မျက်နှာတော့မဟုတ်ဘူး ...Doctor စုန်ကျိရန် ဆီမှာ ...

^ အ‌ခြေအနေက ဘယ်လိုလဲဆရာ ... ဆေးကုသမှု့ခံယူဖို့လိုလား ^

ဒီကောင်က အခက်မသင့်ရင် ကိုယ့်ကိုအရူးထောင်ပို့ဖို့ပါရှိသေး ... ပြောတော့ ...ဘာတဲ့ မင်းကရူးတာမှမဟုတ်တာ ဆိုပီး ...

^ ခဏနော် ညီ ... ညီမ နောက်ဆွေးနွေးမဲ့သူတွေ ရှိသေးလား ^

^ မရှိတော့ပါဘူး ဆရာ ^ ‌ဟောက်ရွမ်းနဲနဲတော့ပေါက်လာပီဖစ်တယ် ... ဘယ်နှယ့် ... မေးတာတခြား ဖြေတာတခြားနဲ့ ...

^ ကျွန်တော်မေးတာလေးဖြေပေးဦးလေဗျာ ^ သူ့သူငယ်ချင်းအပေါ်အစိုးရိမ်လွန်နေတဲ့ ကောင်လေးကိုကြည့်ပီး ကျိရန်ပြုံးမိသွားသည်။

^ ကိုယ်ကသေချာပြန်ပြောပြချင်လို့ပါ ... နောက်လူတွေထပ်လာဖို့ရှိရင် ညီကို အကြမ်းဖျင်းပဲပြောပြမလို့ ... ခုတော့ ကိုယ်သေချာပြောပြမယ် ... ^ အမှန်တော့ ကျိရန်ထွက်လာတဲ့ ရည်ရွယ်ချက်က လူနာရှင်ကို အတိုချုပ်ရှင်းပြပီးမှ ခေါင်းကြည်အောင် အအေးခဏသွားယူပီး အပြင်လေ လေးရှူချင်လို့ ... အခုတော့ ညီရဲ့ အစိုးရိမ်လွန်တဲ့မျက်နှာကြောင့် Priority ကပြောင်းသွားခဲ့ပီ ...

^ အော် ဟုတ်ဆရာ ... မှားတာရှိရင် ၀န္တာမိပါ ... ကြွပါ ဆရာ ^

ပြောချင်တာပြောပီး အခန်းထဲကိုအရင်၀င်သွားတဲ့ ညီကို သူ့သူငယ်ချင်းက နောက်က‌နေကျောကို ရိုက်လေရက် ...

^ ဟာ ... ဟေ့ကောင် ... ဆရာကိုအရင်၀င်ခိုင်းလေ ... ^ သူ့ရှေ့မှာပဲ ပွဲဖစ်နေတဲ့ နှစ်ယောက်ကို ကြည့်ပီး ကျိရန်သဘောကျမိတယ် ... တွဲလဲတွဲမိပါတယ် ... စိတ်ရော အမူအကျင့်ရောမတူတဲ့ သူငယ်ချင်းနှစ်ယောက် ...

^ ရပါတယ်ကွာ ... ဘယ်သူအရင်၀င်၀င်ပါ ^ အဆော်ခံထားရတော့ ၀င်ဖို့ တွန့်ဆုတ်နေတဲ့ ညီကိုကြည့်ပီး ကျိရန်ပဲအရင်၀င်လာလိုက်တော့တယ် ...

^ ပြောပြတော့လေ ဆရာ ... ^ ထိုင်ရုံပဲရှိသေးစကားစလာတဲ့ ညီကို ကြည့်ပီး ကျိရန်ပြုံးမိတယ် ... ဒီကောင်လေးကြောင့် ဒီမနက်အတွင်းပြုံးရတာမနဲတော့ပေ ...

Late Regret ( COMPLETED )Tempat cerita menjadi hidup. Temukan sekarang