Part 10

2.7K 164 3
                                    

Unicode

Wang Yiboဟာ နိုးလာတာနဲ့ ကိုင်လျက်သားလေး လင်းနေတဲ့ ဖုန်းလေးကိုကြည့်ပီး ကျန်လက်တစ်ဖက်နဲ့ မျက်လုံးကိုပွတ်လိုက်သည်။

Battery 10% လေးက သူ့ကိုပြောင်ပြနေသလိုပဲ ...

ညမအိပ်ခင်က 80% လောက်ရှိတာကို ဖုန်းက တညလုံးလင်းနေတော့ ရှိသမျှ Battery လေးလဲ ပြောင်ရှာပီ ...

နာရီကို ကြည့်လိုက်မိတော့ ၇နာရီ ... သူဒီနေ့အစောကြီးလဲ နိုးနေသလို စိတ်လဲကြည်နေတယ် ...

အစ်ကို ပို့ထားတဲ့ Msg တွေကိုတခေါက်ပြန်ဖတ်လိုက်ပီး ဖုန်းအားသွင်းလိုက်တော့တယ် ...

မျက်နှာသစ်ပီးတာကို အပြင်ကို တစ်ပတ်လောက် လမ်းလျောက်ပီး ရေမိုးချိုးပီး Company ကိုတန်းသွားဖိူ့ စီစဉ်ထားတရ် ...

ထုံးစံအတိုင်း စီးတော်ယာဉ်ကတော့ အမောင် ဟောက်ရွမ်းကားပေါ့ ...
----------------------------------------------------------------------------------

ရေမိုးချိုးပီးတာနဲ့ ဖီးလိမ်းပြင်ဆင်ပီး ကုတင်ပေါ် ပြန်ခွေပီး ဖုန်းသုံးဖို့ ပြင်လိုက်တော့သည်။ ဒီချိန်လောက်ဆို ဖုန်းအားလဲ ပြည့်နေလောက်ပီး ...

နောက်ပီး လှဲလိုက်လို့ အကျီတွေ တွန့်ကြေနေလဲ Wang Yibo တို့က ရုပ်ခံလေး‌ရှိတော့ ဘာလုပ်လုပ် တင့်တယ်တရ်လေ ...

အစ်ကို လို့ မှတ်ထားတဲ့ Contact ကနေ Msg ၀င်လာတာတွေ့တော့ မြန်မြန်ဆန်ဆန်ပဲ ၀င်ကြည့်လိုက်မိတယ် ...

7:33 ^ Morning အိတ်ပုတ်လေး Wang ... ^

7:34 ^ Breakfast မစားပဲ Company ကိုမလာနဲ့ဦးနော် ^

7:36 ^ ကိုယ် လာကြိုချင်ပေမဲ့ Wang စိတ်အနှောက်အယှက်ဖစ်မှာစိုးလို့ မလာခေါ်တော့ဘူးနော် ... ^

အိပ်ပုတ်တဲ့ ... သူ့ထက်အရင်နိုးနေ့တဲ့သူကိုများ ... ဟွန့် ... Breakfast လား ... နွားနို့တခွက်ဆို ဗိုက်အတင်းပဲ ခင်ဗျားရဲ့ ... လာမခေါ်တာလဲကောင်းတရ် ... ဟောက်ရွမ်းနဲ့တွေ့ရင် ခင်ဗျားတော့ မလွယ်ကြောပဲ ...

တစ်ခုခြင်းဆီ Reply ပြန်ချင်ပေမဲ့ ပြန့်ပို့လိုက်သည်မှာက Morning ဆိုတဲ့ ဝေါဟာရ တစ်လုံးသာပင် ...

အစ်ကို ဆိုတဲ့ Contact အဟောင်းနေရာမှာ Ph no အသစ်လေးက ၀င်ရောက်လာတရ် ... Wallpaper လေးဟာလဲ သူတို့နှစ်ယောက်တူတူ ‌ရိုက်ထားတဲ့ပုံလေး ...

Late Regret ( COMPLETED )Where stories live. Discover now