Part 19

2.2K 146 3
                                    

Unicode

^ Xiao Zhan ကရော လမ်းခွဲချင်ပါ့မလား ... သူကမင်းကို စတွေ့တဲ့နေ့ထဲကချစ်ခဲ့ရတာ ... Yibo လဲအကုန်သိပီးလောက်ပီထင်ပါတရ် ... ဟက် ... မင်းမားမားလိုမျိုး အတ္တကြီးလွန်းတဲ့သူမျိုး ရှိနေတာ ငါသိပ်အံဩတရ် ... အပြောချိုသလောက် ထွက်လိုက်တဲ့ စကားတွေက ဓါးသွားလိုပဲ ... မင်း မားမားနဲ့ တွေ့ပီးပြန်လာတဲ့ နေ့က ဖစ်လာတဲ့ Xiao Zhan ပုံစံကို ငါလုံး၀မမေ့ဘူး ... Xiao Zhan လမ်းခွဲခဲ့ရတာ Yibo မင်းမားမားကြောင့်ပဲ ... မင်းမားမားကြောင့်ပဲ ^

ကျိုးချန်ကော စကားအဆုံးအပီးမှာ Yibo ဟာ ခဏတာ လောကကြီးနဲ့ အဆက်သွယ်ပြတ်ပီး အမှောင်ကျသွားခဲ့ရ‌ေတာ့တရ် ...

ဒါတောင် ကျိုးချန်ကောရဲ့ မင်းမားမားကြောင့် ဆိုတဲ့အသံကြီးက သတိမလစ်ခင်ချိန်မှာတောင် နားထဲပဲ့တင့်ထပ်လို့ ...

ရုတ်တရတ်မေ့လဲသွားတဲ့ Yibo ကြောင့် ဟောက်ရွမ်းမှာခြေမကိုင်မိ လက်မကိုင်မိ ... တော်သေးတာက ... သူလက်မြန်လိုက်လို့ ထိုင်ခုံပေါ်ကမပြုတ်ကျတာ ... Yibo ကိုတွဲပီး ဆိုဖာလေးမှာပဲ တင်ထားပေးလိုက်ရတရ် ...

^ ဟာ ... ကျိုးချန် ... မင်းပြောလိုက်ရင်လေ ... Yibo ကဘာမှသိသေးတာ မဟုတ်ဘူး ... သူဆီကို ဘာစာမှမရသေးဘူးတဲ့ ... ငါ့ကိုလဲ စကားလေးဘာလေးပြောခွင့်ပေးကြပါကွာ ... ^

ယွီပင်းရဲ့ အပြောကြားပီးနောက် ကျိုးချန်လဲ အတော့်ကိုအံအားသင့်သွားရတရ် ...

သူထင်လိုက်မိတာ Xiao Zhan ပြောထားတာတွေကိုမယုံပဲ လုပ်ဇာတ်ကြီးထင်နေလို့ ဆေးရုံတင်ထားရတာတောင် လာမကြည့်နိုင်ရလားဆိုပီး သူ Yibo ကို ဖိပြောမိတာ ...

^ ငါတကယ်မသိလို့ပါ ... ငါ ... ငါသိရင်အာ့လောက်ကြီးပြောမှာမဟုတ်ဘူး ^

တကယ်ကို ကျိုးချန်စိတ်မကောင်းဖြစ်မိသွားတာ ... ခုဆို Yibo ကသူ့ကြောင့်သတိမေ့သွားရတာမလား ...

^ ကျိုးချန်ကော ပြောချင်တာက လမ်းခွဲရတဲ့အကြောင်းရင်းက ၀မ်မားကြောင့်ပေါ့ ^

အတော်ကြာ တိတ်ဆိတ်နေပီးကာမှ ဟောက်ရွမ်းဆီက အသံထွက်လာခဲ့တရ် ...

ကျိုးချန်လဲ ခေါင်းသာညိမ့်ပြလိုက်တရ် ...

ခုတော့ သူတို့ကို ‌ဗြေားဆန်အောင် လုပ်သွားတဲ့ အတွဲက အိမ်မက်ကမ္ဘာထဲ ရောက်နေရောပေါ့ ...

Late Regret ( COMPLETED )Tempat cerita menjadi hidup. Temukan sekarang