Final Episode

4.1K 113 6
                                    

Unicode

Yibo တို့တော်တော် နောက်ကျမှ အိပ်ယာ၀င်မိတာမို့ နိုစနိုးခြင်း ခေါင်းနှောက်ပီး စိတ်ကမကြည်သလိုကိုဖြစ်နေမိတာ ...

အမြဲလိုလို ဘေးက မြွေတစ်ယောက်လို ရစ်ပတ်ပီး အရင်နိုးနေရင်အောင် သူမထမခြင်း ဖတ်ထားပေးတဲ့ မောင်ကလဲ ဘေးမှာ မရှိတော့ နှုတ်ခမ်းကဆူချင်ချင် ...

နာရီပိုင်းလောက် အနမ်းခံထားရတာမို့ နှုတ်ခမ်းကို ထိကြည့်မိလိုက်တော့ ပုံမှန်ထက်ပိုဖောင်းနေပီး နည်းနည်းလဲနာနေသေးတာ ... မနေ့ညကတော့ လူကိုကြိုက်သလို အသားယူနေပီး မနက်ကျတော့ ဘေးမှာရှိမနေတာ ဘာသဘောလဲလို့ ...

မပွင့်တပွင့် မျက်လုံးကိုပွတ်ပီး မောင့်ကိုလိုက်ရှာတော့ မားမားနဲ့ တန်းတိုးတော့တာပါပဲ ...

^ Morning မားသားငယ်လေး ... အိပ်ရေးမ၀သေးဘူးလား ^

မားက သူ့ကိုမြင်တာနဲ့ နှုတ်ဆတ်ပီး အံဩသလိုလေး ဖစ်သွားတရ် ... ပုံမှန်ဆို အိပ်ယာနိုးတာနဲ့ ကိုယ်လက်သန့်စင်ပီးမှ အိမ်အောက်ဆင်းလာတတ်တဲ့ သူ့အကျင့်ကြောင့် ခုလို ဖိုသီဖက်သီနဲ့ မို့ မားကအံဩသွားတရ်နဲ့တူတရ် ...

^ ဝါး ... နည်းနည်း ပိချိလေး မ၀သေးဘူး ... ^

‌မားကို လက်မောင်းကနေဖက်ပီး ပခုံးပေါ်ခေါင်းတင်ပီး ချွဲချွဲလေးပြောမိတော့ မားကသဘောတကျရီတော့တာပဲ ...

^ အမလေး ... မား သားကအရမ်းကိုချွဲနေတော့တာပဲ ... အရင်ကဆို နိုးတာနဲ့ ကိုယ်လက်သန့်စင်ပီး မနက်စာတန်းစားတတ်တဲ့ သားငယ်က ခုလို အိပ်ချင်မူးတူး ခေါင်းစုတ်ဖွားနဲ့ ဆင်းလာထဲကိုက သားကြီးကို ရှာနေတာမလား ... မားကို မှန်မှန်ပြောစမ်း ^

^ အဟီး ... မားမားက အားလုံးကိုသိနေတော့တာပဲ ... ^

^ သားကြီးက မနက်အစောကြီး သားငယ်ဖို့ ထမင်းတွေကြော်ပီးတာနဲ့ ဖုန်းဆက်ဖို့ဆိုပီးခြံထဲ ဆင်းသွားတာ ... မားတောင် သားကြီးချက်ပြုတ်ပီးမှ နိုးလာတာ ^

ပုံမှန်ဆို မားမားက တအိမ်လုံးထက်အရင်နိုးနေကြ ... ထမင်းချက်တဲ့ အားရီ‌ကိုတောင် မားကသွားနိုးနေကြဆိုတော့ ... ခုက ညကလဲ ညနက်တော့မှ အိပ်ယာ၀င်တဲ့ မောင်က ဘယ်လိုတွေဖစ်ပီး အစောကြီးနိုးနေတာပါလိမ့် ...

Late Regret ( COMPLETED )Dove le storie prendono vita. Scoprilo ora