Part 5

3K 197 0
                                    

Unicode

ဟောက်ရွမ်းမှာ ဆရာဆီက စကားကြားပီး မယုံနိုင် ... Yibo ‌စိတ်လွတ်ပီး ပေါက်ကွဲတိုင်း ‌ပြောသမျှတွေက စီနီယာကို အပြစ်တင်တဲ့ စကားမျိုး တစ်ခါမှမကြားရပေ ...

^ ဒါဆို Yibo အခြေအနေက စိုးရိမ်ရတာလား ဆရာ ... နောက်ပီး သူအာ့လိုတွေ ထပ်ဖစ်နေဦးမှာလား ^ ဟောက်ရွမ်း အစအဆုံးနားထောင်ပီးတာတောင် မဝေခွဲနိုင်တော့ ...

ဆရာပြောစကားနဲ့ ဟောက်ရွမ်းကိုယ်တွေ့ကြုံခဲ့ရတာက တခြားဆီပင် ...

^ Yibo အခြေအနေကစိုးရိမ်စရာမရှိပါဘူး ... ညီ သူငယ်ချင်းက မြိုသိပ်တာတွေများလွန်းလို့ တခါတခါ ပေါက်ကွဲထွက်ကုန်တာ ... သူက အာ့လိုဖစ်ပီးနောက်ပီး မမှတ်မိဘူးလို့ ပြောတရ်နော် ^ ဟောက်ရွမ်း ခေါင်းသာတစ်ချက်ညိမ့်ပြတော့ ...

^ အင်း...ကိုယ် အိပ်ငွေ့ချလိုက်တာက ကိုယ့်အကြောင်းကို Diary ရေးသလို စိတ်ထဲ အရှိကိုအရှိတိုင်း ဖွင့်ဟအောင်ပါ ... အကယ်၍သာ Yibo သာ Video ထဲကအတိုင်း ထပ်တူနီးပါးပြောလာမရ်ဆိုရင် သူအာ့ကိစ္စတွေကို မမှတ်မိတာသေချာတယ် ... အခုက တခြားဆီဆိုတော့ ... ^

^ ဒါဆို ... ဒါဆို ဆရာပြောချင်တာ Yibo ကအကုန်မှတ်မိတရ်ပေါ့ ^ ဟောက်ရွမ်းစကားဖြတ်မေးလိုက်မိသည်။

စကားဖြတ်ပြောတာ ရိုင်းတာ ဘာညာတွေထက် ခုကိစ္စကို သူ့သိချင်စိတ်ကလွန်ကဲနေတာ ...

^ မှတ်မိနေမှာ ... 100% မဟုတ်တောင် တစိတ်တပိုင်းလောက်ကမှတ်ကိုမှတ်မိနေမှာ ... အလွယ်ပြောရရင် အိပ်ငွေ့ချတုန်းက Yibo ကသူ့ချစ်သူကို အပြစ်တင်ခဲ့တရ် ... Video ထဲမှာတော့ သူဘယ်လောက်တွေ့ချင်ကြောင်း ... ဘယ်လောက်လွမ်းကြောင်း ... သူ့အတွက်ကြောင့်သာ လမ်းခွဲခဲ့တာဆိုပီး
ကွကိုယ်အပြစ်တင်နေတာ ... Yibo ပေါက်ကွဲတုန်းက သူ့အသိစိတ်တိုင်းပြောခဲ့တာ ...ကိုယ်ပြောတာ သဘောပေါက်လားမသိဘူး ^

^ ဟုတ် ... ပေါက်ပါတရ် ဆရာ ... ဒါဆို ကျွန်တော်ဘာဆက်လုပ်ရမလဲ ^ ဟောက်ရွမ်းတကယ်ကို လမ်းပျောက်သွားတာ ...

^ သူ့ကို တရားထိုင်တာမျိုး ဒါမှမဟုတ် ပန်ချီဆွဲတာမျိုး ဖစ်ဖစ် စိတ်တည်ငြိမ်အောင်လုပ်ပေးသင့်တယ် ... ဖစ်နိုင်ရင် အုပ်စုနဲ့ တစ်စည်းတစ်လုံးနေတတ်အောင်လဲ ကျင့်ပေးသင်တရ် ...လူတွေအားလုံးက သူတွေ့ဖူးခဲ့တဲ့ သူတွေလို သူ့အပေါ်နောက်ကျောဓါးနဲ့ထိုးခဲ့တဲ့သူတွေချည်းရှိတာမဟုတ်ဘူးဆိုတာရယ် ...နောက်ပီး Yibo အာ့လိုဖြစ်ပီးတိုင်း နောက်နေ့မှ ညီက စပီး အာ့အကြောင်းကို အစပြန်ဖော်ပီး မမေးပါနဲ့ .. သူကိုယ်တိုင် လိုလိုလားလား ပြောပြလာမဲ့ အချိန်တစ်ခုတော့ စောင့်ပေးရမရ် ^

Late Regret ( COMPLETED )Tempat cerita menjadi hidup. Temukan sekarang