Part 11

2.5K 160 0
                                    

Unicode

Xiao Zhan အခန်းထဲကို ၀င်ပီးတာနဲ့ သူ့ရဲ့အသည်းနှလုံးလေးကို ရှာမိတယ် ... ဟော ... တွေ့ပါပီ ... ချွေးကပ်နေတဲ့ အကျီဖြူဖြူလေးကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းလေးတစ်ချို့တောင် ထင်းနေသယောင် ...

ကိုယ့်ကိုဆို ပစ်စလတ်ခတ်နေတတ်တဲ့ သူ့ရဲ့ Wang က အကျီအပိုလဲ ထည့်လာမရ်မထင်ဘူး ...

Yibo ကိုငေးနေတဲ့ အစ်ကိုက ပြုံးပီးမှပြန်တည်သွားတာမို့ ဘာကြောင့်ပါလိမ့်ဆိုပီး စဉ်းစားနေတုန်း ...

^ ဆူဇီနဲ့ ရို့စ် ကလေးတွေကို ဆွဲထားတဲ့ Design လေးပြပီး ကိုယ်တိုင်းတိုင်းပေးလိုက် ... နောက်ပီး သူတို့လိုချင်တဲ့ Design Idea တွေကိုပါ ချရေးထား ... ကိုယ် Trainer လေးကို တိုင်းပေးလိုက်မရ် ^

ဟင် ... နေပါဦး ... Yibo ကပွဲထွက်မှာမှ မဟုတ်တာ ဘာကိစ္စလိုမှာတဲ့တုန်း ...

^ နေပါဦး ကော ... ကျွန်တော်က လိုမှမလိုတာ ^

^ ‌လိုတာပေါ့ Yibo ရ ... YouTube မှာ ညီညီတို့အတွက် Channel လုပ်ပေးဦးမှာ .. အာ့မှာ Yibo ပါကပြရမှာဆိုတော့ Oufit ဆင်သယောင်ယောင်လေးမှ ကြည့်ကောင်းမှာပေါ့ ... ဒီမှာလေ ... Yibo ရဲ့ စီနီယာက Yibo အတွက် Sponsor ပေးမှာတဲ့ ^

မေးလိုက်တာ အစ်ကို ကိုဆိုပေမဲ့ ကြားဖြတ်ဖြေလိုက်တဲ့ Boss ကြောင့် အစ်ကိုက မျက်ခုံး တစ်ချက်ပင့်ပီး သက်ပြန်ချပြန်တယ် ...

ဘာတွေ အလိုမကျပြန်တာတုန်း အစ်ကိုရယ် ...

^ Dew မင်းညီတွေကို တစ်ချက်ကြည့်ပေးလိုက်ဦး ... ဟိုမှာရစ်နေဦးမရ် ... ငါ Wang ကို တစ်ချက်တိုင်းပီး လာခဲ့မယ် ^
Dew ကစကားပြောဟန်ပြင်ပီးကာမှ Okay လိုသာဆိုပီးသွားလေတော့သည်။

Training Room ဖြစ်တဲ့အလျောက် အခန်းဖွဲ့စည်းထားပုံအရ မကျဉ်းမကျယ်လေး ... မလှမ်းမကမ်းမှာ နံရံကိုမှီထိုင်နေတဲ့ ကလေးတွေက စိတ်ပါလက်ပါ ဆွေးနွေးနေတာကို မြင်နေရသေးတယ် ... Dream တစ်ယောက်ပဲ ဆူပုတ်ပုတ်ဖြစ်နေတာ Yibo တို့ဆီကို လှမ်းလှမ်းကြည့်နေတယ်  ... ထုံးစံအတိုင်း ဘာတွေရစ်ချင်ပြန်ပီလဲမသိ ...

^ Wang ^ ချိုအိအိအသံက နားထဲတိုး၀င်လာတော့ အစ်ကိုဆီ အကြည့်လှည့်မိလိုက်သည်။

Late Regret ( COMPLETED )Where stories live. Discover now