Part 33

1.9K 125 2
                                    

Unicode

^ အချိန် ... ကျွန်တော့်တစ်ယောက်ထဲအတွက် ပေးနိုင်မဲ့ ကိုကိုရဲ့ အချိန် ... ^

Dream ပြောအပီးမှာ Yibo လဲအာ့စကားကို မမျော့်လင်ထားသလို မောင်ကလဲ သု့လက်ကိုဆွဲပီး နောက်ကို တန်းပို့ပစ်တော့တာပဲ ...

^ ကောင်လေး ... မင်း‌လိုချင်တဲ့ ငါ့အမျိုးသားလောင်းဆီက မွေးနေ့လက်ဆောင်က တဆိတ်တော့ များတရ်ထင်တရ် ... တွေ့လား ... လက်စွပ် ... ^

လက်တစ်ဖက်ထောင်ပြပီး ဒေါသသံနဲ့ ပြောလိုက်ပေမဲ့ တစ်စက်မှ Dream ဟာမျက်နှာပျက်ခြင်းတောင် မရှိခဲ့ ...

^ စ၀င်လာထဲက တွေ့လဲတွေ့တရ် ... မြင်လဲမြင်တရ် ... ကျွန်တော် တောင်းတာ ခင်ဗျားဆီက မဟုတ်ဘူး ... ကိုကိုဆီက ... ^

မောင် အံကြိတ်ပြောတာတောင် မခန့်ပဲ မောင်နောက်မှာနေတဲ့ Yibo ကိုစေ့စေ့ကြည့်ပီးပြောတော့ မောင်က လှုပ်လှုပ်ရွရွဖြစ်လာတော့တရ် ...

^ မောင် ... မွေးနေ့ပွဲကြီးမှာ ... အားလုံးစိတ်ပျော်နေတဲ့အချိန် ... ပွဲပျက်ရင်မကောင်းဘူး ... စိတ်ထိန်းဦး ... ကျွန်တော် ပြောလိုက်ပါ့မရ် ... ဟုတ်ပီလား ^

ကိုယ့်လူရင်းတွေပဲ ရှိတရ်ဆိုပေမဲ့ ရုတ်ရုတ်ဖြစ်လာရင် အပြင်ကလူတွေပါ စိတ်၀င်စားလာကြတော့မှာ ... သူတို့ကြောင့်နဲ့ ပွဲပျက်တာမျိုး မဖြစ်စေချင်တာ အမှန် ...

Lucas တို့တွေလဲ စားစားသောက်သောက်နဲ့ Yibo တို့ကိုစိတ်၀င်စားမှု့ရှိ‌မနေတော့ ... သူ့တို့သူငယ်ချင်းကို ထိန်းမဲ့သူမရှိ ... Boss ကလဲ ကျိုးချန်ကောတို့နဲ့ အဖွဲကျနေ ...

^ Dream ... မင်း လိုချင်တဲ့ မွေးနေ့လက်ဆောင်ကို ကောမပေးနိုင်တာ စိတ်မရှိပါနဲ့ ... ^

^ ကျွန်တော်က ကိုကိုပေးနိုင်တာ တောင်းတာပါ ... အချိန်လေးတစ်ခုပါပဲ ... ကျွန်တော့်အတွက်သီးသန့် ^

^ မင်းက ကပ်သီးကပ်သပ်ပြောနေတာပဲ Dream ... ငါ့မှာ ရှိတဲ့အချိန်တွေမှန်သမျှ မောင့်အတွက်ပေးထားပီးသား ^

^ ဟက် ... ကျွန်တော်က တသတ်လုံးအတွက်ပြောတာ မဟုတ်ပါဘူး ကိုကိုရဲ့ ... ၆နာရီလောက်ပါပဲ ... ကျွန်တော့်ဘေးနားမနေပေးနိုင်ဘူးလား ကိုကို ^

Late Regret ( COMPLETED )Wo Geschichten leben. Entdecke jetzt