Part 9

2.6K 174 3
                                    

Unicode

အိမ်ရောက်တာနဲ့ ရေမချိုးအားသေး ဟောက်ရွမ်းကို ဖြစ်ကြောင်းကုန်စင်တင်ပြရသေးတာ ...

^ အဲ့ဒါပဲ ... ငါရေချိုးလိုက်တော့မရ် ^ နေပါဦးဆိုပီး လက်မောင်းရင်းကဆွဲချလို့ ဆိုဖာပေါ်ပြန်ထိုင်စေပြန်တယ် ...

^ ဘာလဲကွာ ... ဟိုမှာ ကျိရန်ကော ချက်တဲ့ဟင်း‌တွေတောင် ကျက်တော့မယ် ... ငါ ဗိုက်လဲဆာ ... နားလဲနားချင်နေပီ သားကြီးရာ ^

^ အေးပါကွာ ... ဒါဆိုလဲသွားနား... ထမင်းစားပီးမှ ထပ်ပြောကြတာပေါ့ ^ အစအဆုံးအကုန်လဲ ပြောပြပီးတာကို ဘာရစ်ချင်နေသေးလဲမသိ ...

Wang Yibo သိတာက ထမင်းစားပီးရင် တန်းအိပ်ချင်တာပဲ ... အိမ်မှာ အနေများပီး လျောက်မသွားတာကြာတော့ ဒီနေ့မှ အသွားအလာများထားတော့ တစ်ကိုယ်လုံးညောင်းညာနေတော့တာ ...

ရေနွေးလေးနဲ့စိမ်ချိုးပီး ထမင်းစား ခဏနားပီးတာနဲ့ အကြောလျော့ပီး တန်းအိပ်ချင်လှပီ ...
----------------------------------------------------------------------------------

^ Yibo မသွားနဲ့ဦးလေကွာ ... စကားပြောမှ မပြတ်သေးတာ ^ လစ်ထွက်လာလဲမရ ... ကျိရန်ကောကတော့ ဟောက်ရွမ်းဂျစ်နေတာကို သဘောတကျပြုံးလို့ ...

^ ငါအစအဆုံးပြောပြပီးပီကိုကွာ ...ဘာတွေသိချင်တာတုန်း ^

^ စီနီယာ ရှောင်ကျန်ကိစ္စ ... မင်းဘယ်လိုဆုံးဖြတ်မှာလဲ ^ တွန့်နေတဲ့ မျက်မှောင်တွေက အလိုလိုပြန်ပြေလျော့သွားပီး မျက်လုံးတွေကို ကစားပီး

^ ဟမ် ... ငါက ...  ^

^ မင်းက တစ်သက်လုံး ဒီတိုင်းနေသွားမှာလား Yibo ... ချစ်သူထပ်မထားဘူးလား ... မင်းဘ၀ကို အာ့လူက ပြန်ချယ်လှယ်တာခံနေဦးမှာလား ^

Yibo ကအသံတိတ်နေပေမဲ့ ကျိရန်ကောကတော့ ချောင်းတစ်ချက်ဟန့်ပီး ၀င်တားလေတရ် ...

ဟောက်ရွမ်းကလဲ ဂရုမစိုက်ဘဲ သူပြောချင်တာသာရှေ့သိုဦးတည်လျက် ...

^ မဖြစ်‌တော့ဘူး မင်းဒီပုံစံနဲ့ ထွက်လိုက်တော့ ^

^ ကလေးတွေက ခုမှခင်ခါစရှိသေးတာ ... နောက်ပီး ငါက Bond ထိုးပီး စာချုပ်ချုပ်တာဆိုတော့ ... ^

Late Regret ( COMPLETED )Tempat cerita menjadi hidup. Temukan sekarang