Part 23

2.1K 128 1
                                    

Unicode

^ ဂျောက် ^

တံခါးဖွင့်သံကြားတာနဲ့ မောင့်ကိုယ့်ကို တွန်းပလိုက်တော့ နောင့်ပေါင်ထိုင်နေတဲ့သူကပဲပြုတ်ကျမလိုဖစ်သွားတာမို့ မောင်ကပြန်ထိန်းပေးရသေးတရ် ...

^ ဟာ ... မင်းတို့က ဧည့်ခန်းကြီးထဲမှာ ... ဟမ် ... နေပါဦး ... ဘယ်တုန်းကဆေးရုံဆင်းလာကြတာလဲ ... ^

အပေါက်၀မှာ ကျိုးချန်ကောနဲ့ ယွီပင်းကော အထုပ်ကြီး အထုပ်ငယ်ကိုင်ပီး အတောင့်လိုက်ကြီးရပ်ပီးမေးလာတော့ ... သူ့မှာ မောင့် ပေါင်ပေါ်က ကပျာကယာ ဆင်းရသေးတရ် ...

မရှိတဲ့အရှက်တွေတော့ ကွဲပြန်ပီ ... အဲ့ဒါမောင့်ကြောင့် ...

^ မကြာသေးဘူး ... စောနလေးတင်ပြန်ရောက်တာ ... Wang သူငယ်ချင်းလိုက်ပို့ပေးတာ ... မင်းတို့ကိုခေါ်ဖို့ ငါ့ဖုန်းကလဲ အိမ်မှာကျန်ခဲ့တာဆိုတော့ ^

ပြောလဲပြော ဘေးနားမှာရှိတဲ့ Yibo ခါးကိုလဲ ဖက်ထားသေးတရ် ... သဲသဲကဲကဲအတွဲတွေ ...

^ အေး ... ဆေးရုံကဆင်းလာတဲ့သူက အရမ်းတွေအားတွေရှိနေတာနော် ... ဆက်လုပ်ကြ ... ဆက်လုပ်ကြပါ ... ငါ့တို့ရှောင်ပေးပါမရ် ^

မျက်စောင်းကြီးထိုးပီးပြောသွားတဲ့ ကျိုးချန်ကောနောက်ကို ယွီပင်းကောကပါ ရယ်ပီးလိုက်သွားလေတဲ့ ... ‌ကောတို့မီးဖိုခန်းထဲ ၀င်သွားခါမှ သူမှာ မောင့်လက်မောင်းကိုတဖြန်းဖြန်းနဲ့ဆော်လိုက်တော့တရ် ...

^ မောင်နော် ... တကယ်ပါပဲ ... ကောတို့ရှေ့ကို အနေအထိုင်ကို မဆင်ခြင်ဘူး ^

^ ဟာ Wang ကလဲ ... မောင့်က Wang နဲ့အနီးကပ်ဆုံးနေရတာတောင် တင်းတိမ်နိုင်တာမဟုတ်ဘူး ... Wang အသားလေးနဲ့ထိထားလိုက်ရမှ နည်းနည်းလေး ကျေနပ်တာရယ် ^

^ တော် ... တိတ် ... ကျွန်တော့်နား ၂နာရီလောက် ကပ်ခွင့်ပိတ်လိုက်တရ်^

ဟာ Wang နော်ဆိုပီး ထပ်ဖက်ဖို့ပြင်နေတဲ့မောင်ကြောင့် နောက်ကိုအမြန်ဆုတ်လိုက်ရတရ် ...

^ တကယ်ပြောနေတာနော် ... ကောတို့နဲ့ သွားကူလိုက်ဦးမရ် ... မောင်လဲ အ၀တ်အစားလေးလှဲပီး ခဏနားလိုက်ဦး ... ‌ကျွန်တော် မခေါ်မချင်းထွက်မလာနဲ့ ... ထွက်လာရင် အချိန်ထပ်တိုးမရ် ^

Late Regret ( COMPLETED )Tempat cerita menjadi hidup. Temukan sekarang