Part 35

2K 116 3
                                    

Unicode

မောင့်ကို ဖုန်းပြန်ဆက်ပီး ချိန်းဆိုလိုက်တဲ့နေရာဟာ သူမောင့်အတွက်ရည်ရွယ်လို့ ဖွင့်ထားခဲ့တဲ့ CALM & CHILL ဆိုတဲ့ Coffee ဆိုင်သေးလေး ...

ဟောက်ရွမ်းကိုလဲ အကျိုးအကြောင်းဖုန်းဆက်ပီး တစ်နေကုန်ဆိုင်ပိတ်ပေးဖို့ပြောထားရသေးတရ် ...

ဆိုင်လေးက သေးပေမဲ့ အေးဆေးနေတတ်တဲ့သူတွေအတွက် အဆင်ပြေတဲ့ နေရာလေးမို့ သူ့တို့ဆိုင်ကိုဆို Laptop ကြီးတကားကားနဲ့ တစ်နေကုန်ထိုင်နေတတ်တဲ့ သူတွေဟာလဲ မနည်းမနော ...

သူတို့နှစ်ယောက်နဲ့ မားနဲ့ ရှိဖို့ ပိတ်ခိုင်းပေမဲ့ ဟောက်ရွမ်း‌က သူ့ပါရှိပေးမရ်ပြောတော့ Yibo တို့အတွက် အားပါပဲလေ ...

ဟောက်ရွမ်းအကြောင်းပြုပီး ကျိရန်ကောရော ယွီပင်းကောနဲ့ ကျိုးချန်ကောပါ Coffee ဆိုင်မှာလာစုလာကြရော ...

မားစချိန်ထဲဆိုတဲ့က အဆိုးဘက်သွားဖို့ Point တွေကပိုများတာမို့ အနားမှာ သူငယ်ချင်းနဲ့ အစ်ကိုရှိနေတာ မောင်နဲ့ သူအတွက် အားကိုးစရာ ရှိသလိုပါပဲ ...

မောင်ရှိတရ် ဆိုပီး သူ့ လက်ကိုကိုင်ပီး အားပေးနေတဲ့မောင်က လက်ဖျားတွေအေးစက်ပီး ချွေး‌စေးတွေထွက်နေတာတောင် သတိထားမိပုံရမှာမဟုတ်ဘူး ... အင်း ... ဒီနေ့တော့ ကလေးတွေဆီသွားချောင်းမဲ့ အစီစဉ်ပျက်ရောပေါ့ ...

^ မောင် ... တစ်ခုခုစားပါလား ... ^

သူ့အတွက် မနက်စာကို လုပ်ပေးဖို့ သတိရတဲ့မောင်ဟာ ခုချိန်ထိ ဘာမှမစားရသေးတာ သတိရမှာမဟုတ်ဘူး ...

^ မောင်က ဗိုက်မဆာသေးဘူး Wang ... ဘာလို့လဲ ... ကလေး ဗိုက်ဆာလို့လား ... မောင် သွားလုပ်ပေးမရ်လေ ^

^ ကျွန်တော်က မနက်စာစားပီးသားလေ ... မောင်က ခုချိန်ထိ ရေတောင် သောက်ထားတာမဟုတ်ဘူးမလား ... မောင် မချက်နဲ့တော့ ... ကျွန်တော်‌တို့မှာစားကြမရ်လေ ... မောင့်အကြိုက် Seafood ^

^ အာ ... မောင်က ဗိုက်‌မဆာဘူး ... Wang စားချင်ရင်မှာလိုက်လေ ... အစပ်ကို အများကြီး မထည့်ဖို့ပြောလိုက်ဦးနော် ^

^ မောင် ... ကျွန်တော့်ကိုကြည့်ပါဦးလား ^
Yibo လက်ကိုပဲ ကြည့်ပီးပြောနေတဲ့ မောင်က မနေ့က မောင်နဲ့ လားလားမှမသတ်ဆိုင် ...

Late Regret ( COMPLETED )Dove le storie prendono vita. Scoprilo ora