2

20.1K 2K 84
                                    

မြို့ပတ်ပြီး ကားမောင်းနေတုန်း CEO ရဲ့ ဖုန်း ဝင်လာ၍ မကောင်းတတ်လို့ ကိုင်တော့ အော်သံစူးစူးက ပထမဦးစွာ ထွက်လာသည်။

''Taehyung ထပ်ပြီး Kim Hayoon နဲ့ ဟုတ်လား ။ ငါ့ကို သွေးတတ်သေအောင် လုပ်နေတာလား ဟမ်''

''မမနဲ့က''

''ဘာမမလည်း ဟိုက အိုနေပြီဟဲ့ ။ နင်နဲ့ ဆယ်နှစ်တောင်ကွာတာ ရူးနေလား''

''အသက်ကြီးပေမဲ့ မပျက်စီးသေးဘူးလေ ။ Korea ရဲ့ star ဆိုတော့ စိတ်လှုပ်ရှားစရာ ကောင်းမလားလို့ တွဲကြည့်တာပါ ။ အထွေအထူး မရှိဘူး''

''နင်က အထွေအထူး မဟုတ်တာ ။ အထွေအထူးလုပ်တဲ့ ဟာတွေက နင့်ကို နာမည်ပြောင်ပေးနေကြပြီဟဲ့''

''Social Media မှာလား''

''အင်း ။ Newfeed King ဆိုပြီး''

''အာ.. ကျွန်တော့်ရဲ့ Dating New တွေချည်း NF မှာ လွှမ်းမိုးနေလို့ နေမယ် ဟဟ''

''ရီစရာပါလား ဟမ်''

''CEO ဒါပဲ ပြောစရာရှိတယ်ဆိုရင်''

စကားဆုံးအောင် မပြောပဲ ဖုန်းချပစ်လိုက်သည်။

ဒေါသထွက်နေမယ့် CEO အပျိုကြီးရဲ့ မျက်နှာကို မြင်ယောင်ကြည့်လို့တောင် ရသည်။

စိတ်ပေါ့သွားအောင် ဘာရယ်မဟုတ် Radio ကို ဖွင့်လိုက်တော့..

Justin Bieber ရဲ့ That Should Be Me ဆိုတဲ့ သီချင်းက ကွက်တိထွက်လာသည်။

''Everybody's laughing in my mind
ငါ့အတွေးထဲမှာ လူတိုင်းက လှောင်ရီနေသလိုပဲ

rumors spreading about this other guys
ဒီအကြောင်းကောလဟာလတွေလည်း တခြားသူတွေဆီ ပျံ့ကုန်ပြီ

Do you what you did when you did with me?
ငါနဲ့ အတူရှိချိန်တုန်းက လုပ်တဲ့အရာတွေကို သူနဲ့လုပ်နေပြီလား''

ဆက်နားမထောင်နိုင်ပါ ပိတ်ပစ်လိုက်သည်။

သီချင်းတွေနဲ့ ဝေးကွာနေခဲ့တာ ဘယ်လောက်တောင် ကြာနေခဲ့ပြီလည်း။

ပြန်နားထောင်ခါမှ အဲ့တစ်ယောက်နဲ့ နားထောင်ခဲ့တဲ့ သီချင်းပဲ ဘာလို့ ထွက်လာတာလည်း ။

ငါက သောက်ရူး ။

ခုနှစ်တွေ လတွေ ရက်တွေ
အပြုအမူတွေ တစ်ခုမှ မေ့မရနေတာ။

Deja Vu ( Completed )Donde viven las historias. Descúbrelo ahora