Catwalk လျှောက်ဖို့ makeup artist နဲ့ မိတ်ကပ်လိမ်းနေတုန်း ဘေးခုံနား ဝင်လာထိုင်တဲ့ Model တစ်ယောက်ရဲ့ ခနဲ့တဲ့တဲ့ အသံကို ကြားရသည်။
''ရုပ်ရည်နဲ့ ပညာအရည်အချင်း ကယ်လို့သာ အလုပ်ဖြစ်နေတာ ။ မဟုတ်ရင် ဒီလို ရှုပ်ပွေပုံနဲ့ ဒီလောကထဲ ခြေဆန့်လို့တောင် ရမှာမဟုတ်ဘူး''
အဲ့တစ်ယောက်ရဲ့ စကားအဆုံး သူ့ပါးပြင်ပေါ် တို့ထိပြေးလွှားနေတဲ့ Artist ရဲ့ လက်တွေ ရပ်ကုန်သည်။ ကြည့်ရတာ သူ့ကို အားနာလို့ ဖြစ်မည်။
''ဆက်လိမ်းပါ ရပါတယ်''
Artist ကိုပဲ စကားပြောလိုက်သည် ။ ဟို အရာမဝင်တဲ့ တစ်ယောက်ကိုတော့ အကြည့်နဲ့တောင် Attention မပေးမိ။
ကိုယ့်အလုပ်ကိုပဲ ဆက်လုပ်နေလိုက်တော့ သောက်ဂရုမစိုက်ရကောင်းလား ဆိုပြီး ဟိုက တင်းသွားပုံရသည်။အမူအရာတွေကအစ ရှူးရှူးရှဲရှဲ ဖြစ်လာသည် ။
''အဲ့လောက် Dating New မထွက်ရ မနေနိုင်ရင် ကျွန်မနဲ့ တွဲကြည့်လေ ။ အနည်းဆုံးတော့ ကျွန်မ fan တွေကြောင့် ရှင် နာမည်ထပ်ကြီးသွားမှာ''
''ပေါက်စနတွေနဲ့တော့ Dating New မထွက်ချင်ပါဘူး ။ မဟုတ်လည်း ကိုယ့်ကိုမှီပြီး နာမည်ကြီးချင်ကြတာတွေပဲကို ။ မယုံရင် သတင်းတွေ ပြန်လှန်လှော ကြည့်လိုက်ပါလား ။ ကိုယ်နဲ့ Dating New ထွက်ပြီးမှ Instagram မှာ follower တက်လာတဲ့ လူနဲ့ လူသိများရတာနဲ့ လူလိုသူလို ဖြစ်လာတာတွေ အများကြီးလေ''
''ကျွန်မက ပေါက်စန မဟုတ်ပါဘူးနော် ။ ရှင့်နီးပါး follower များပြီး လူသိများတဲ့လူပါ''
''ဘယ်လိုလုပ်မလည်း ကိုယ်ကတော့ မင်းကို အခုမှ မြင်ဖူးတာ ။ နာမည်သိဖို့ဆို ဝေး ။ တွဲချင်ရုံ သတ်သတ်နဲ့ Attention လာယူတယ်ဆိုရင်တော့ တွဲပေးမယ်လေ ။ ကိုယ်က မာနမကြီးတတ်ပါဘူး''
''ရှင်ကများ''
ပေါက်စနက တောက်တချက် ခေါက်ကာ ခုံပေါ်ကနေ ထထွက်သွားသည် ။
Makeup Artist ကတော့ သူ့အား ချက်ချင်းပင် လက်မထောင်ပြသည် ။
"Taehyungie က အမြဲတမ်း
အတော်ဆုံး အမိုက်ဆုံး''''ပွဲမှာ ပိုမိုက်အောင် လုပ်ပေးစမ်းပါ အမရယ်''
''ဟုတ်ပြီ ဟုတ်ပြီ''

YOU ARE READING
Deja Vu ( Completed )
FanfictionKim Taehyung ခင်ဗျားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် Kim Taehyung ခင္ဗ်ားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် .... When you gonna tell her that we did that, too? She thinks it's special but it's all reused. KOOKV