သူတို့နှစ်ယောက်ရဲ့ first night ကို အရူးအမူးဖြတ်သန်းပြီးနောက် အမှန်အတိုင်းဆိုရလျှင် ထိုနောက်ပိုင်း Taehyung အရမ်းပင် အလုပ်တွေရှုပ်နေခဲ့ရသည် ။
အသေးစား မဟုတ်ပဲ သူတို့ကျောင်းဆင်း နာမည်ကြီး သရုပ်ဆောင် စီနီယာတွေလည်း လာမယ့်ပွဲမှာ short drama ရဲ့ main actor အနေနဲ့ သရုပ်ဆောင်ရမည်ဖြစ်သဖြင့် Taehyung အတွက်က အမှားမလုပ်မိအောင် ပိုပြီး သတိထားနေရခြင်း။
ဖိအားတွေလည်းများ ၊ အလုပ်တွေလည်းများတော့ ရှင်းရှင်းပြောရရင် ကွန်ဒိုအထိတောင် မပြန်နိုင်ပဲ studioထဲမှာပဲ ဖြစ်သလို အိပ်လိုက်ရသည့် ညတွေ များလာသည်။
လုံးဝကို Drama ထဲ နစ်မျောထားရသည့်အပြင် ရလာဒ်ကောင်းလည်း ထွက်လာစေချင်နေသည်မှာ အမှန်။ အကယ်၍ ကံဆိုင်လို့ Drama Agency တစ်ခုကသာ သူ့ကို မျက်စိကျသွားခဲ့ရင် ။ အတွေးနှင့်တင် Taehyung အတွက် ခွန်အားတွေ တိုးလာသလို ။ ဇာတ်ညွှန်းကိုသာ အာရုံစိုက်ပြီး ခပ်နာနာလေး ဖတ်နေတုန်း ဝင်လာသည့် မက်ဆေ့ချ် ။
- ခင်ဗျားဘယ်မလည်း ကျွန်တော်က ခင်ဗျားတို့ Studio ရှေ့မှာ -
စာက တဝက်တပျက်ဆိုပေမဲ့ ဆက်လာမည့် စကားတွေကို Taehyung ခန့်မှန်းကြည့်နိုင်သည် ။ အဲ့ကောင်လေးက သူ့ကိုထွက်လာတွေ့လို့ ဆိုချင်နေတာ ။
အသံမကြား ၊ မျက်နှာမမြင်ရပါပဲနဲ့ စာလေးတစ်ကြောင်းနဲ့တင် အရှိန်အဝါတစ်ခု ထင်ဟပ်တာ ဒီကောင်လေးပဲ ရှိမည်ထင် ။
ဇာတ်ညွှန်းစာရွက်ကို စားပွဲပေါ် သေချာတင်ပြီး ထိုင်ခုံက ထမည်အပြု Taehyung ရဲ့ လက်မောင်းတစ်ဖက်ကို အားပါးတရ တွယ်ချိတ်လိုက်သည့် မိန်းကလေးတစ်ဦး ။
Taehyung စိတ်ပျက်သွားသည် ။ ဒီသနားစရာ ကလေးမလေးက သူ့ကို သဘောကျနေတာ ။ ၁၃နှစ် ၊ ၁၄နှစ် မြီးကောင်ပေါက် အရွယ်လေးမို့ ကိုင်တွယ်ရလည်း သိပ်ခတ်သည် ။ မတော်လို့ ကလေးမလေး စိတ်ကွက်သွားရင် ဒီ Short Drama ကို ဦးစီးသည့် စီနီယာအကိုကြီးနှင့် မျက်နှာပျက်စရာတွေ ဖြစ်လာနိုင်သလို ၊ သူ့တက်လမ်းတွေလည်း ပိတ်သွားနိုင်သည်။
သို့အတွက် Taehyung မှာ ဟန်ကိုယ်ဖို့ပြုံးရင်းသာ ကလေးမလေးကို အလိုက်အထိုက် ဆက်ဆံဖို့သာ တတ်နိုင်သည်။
YOU ARE READING
Deja Vu ( Completed )
FanfictionKim Taehyung ခင်ဗျားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် Kim Taehyung ခင္ဗ်ားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် .... When you gonna tell her that we did that, too? She thinks it's special but it's all reused. KOOKV