20

15.3K 1.3K 105
                                        

Jungkook ရဲ့ Studio
မီးလောင်နေတယ်...

ဘာမှလည်း မမြင်နိုင် ၊ မကြားနိုင် ။ ဒီအသိတစ်ခုထဲသာ Taehyung ရဲ့
ဦးနှောက်ထဲ ပဲ့တင်ထပ်နေသည်။

CEO ကိုလည်း ဘယ်နည်းဘယ်ပုံ ထားရစ်ခဲ့မှန်း မမှတ်မိနေ ။

အခုအချိန် သူ သိသည်က
Jeon Jungkook တစ်ယောက်ထဲသာ ။

တရွေ့ချင်း မောင်းနေသည့် Taxi သမားကို Taehyung အော်ဆဲပစ်လိုက်တော့သည် ။

အခုနေ ငါ့ Jungkook က Studio ထဲမှာ ပိတ်မိနေရင် ဘယ်လိုလုပ်မလည်း။

မိနစ်အနည်းငယ် ကြာမြှင့်ပြီးမှ မီးတဟုန်းဟုန်းတောက်နေသည့် နေရာတဝိုက်ဆီ Taehyung ရောက်သွားသည်။

စိတ်မှန်းနှင့် Jungkook ရဲ့ Studio ရှိလောက်မည့် နေရာကို ခန့်မှန်းကာ ပြေးသွားလိုက်သည် ။

ခြေတကြွကြွနှင့် မီးစွဲစပြုနေသည့် Studio တံခါးကို အတင်းအကျပ် ကြည့်နေတုန်း ကြားလိုက်ရသည့် တီးတိုးစကားသံတွေ ။

''Artist Jeon က တကယ်ပဲ မီးထဲဝင်သွားတာလား ''

''ဟုတ်တယ် ။ ငါတို့နဲ့ လွတ်လာတာချင်း အတူတူကို မီးထဲ ထပ်ပြီး ဝင်သွားတာ ''

Taehyung မှာ အသိစိတ်လွတ်သလိုပင် ဖြစ်သွားပြီး ခြေထောက်တွေကလည်း မီးစွဲနေသည့် Studio တံခါးထဲသို့ ပြေးဝင်သွားမိသည်။

မြင်လိုက်သည့် လူတွေကတော့ အလန့်တကြား အော်ဟစ် တားမြစ်လို့ပေါ့ ။

ချစ်သည် ၊ မုန်းသည်ဆိုသည့် ပညက်ချက်တွေ အကုန်လုံးက တကယ့်သေရေးရှင်ရေး အချိန်ကျရင် ဘာမှကို အသုံးဝင်တော့ပါ ။

အခုလည်း Taehyung ရဲ့ ခြေဖဝါးမှာ ဘာစွမ်းအားတွေ ရှိနေသည် မသိ ။ မီးစွဲနေသည့် အရာဝတ္တုတိုင်းကို တချက်မှ မထိပဲ ကျော်လွှားပစ်တာ ဆိုတာလေ ၊ မီးငွေ့ကြားထဲက Jeon Jungkook ရဲ့ ကျောပြင်ကို မြင်မှ ရပ်တန့်နိုင်သည် ။

''Jungkook ''

ကွဲအက်အက် သူ့အသံကို Jeon Jungkook က တချက်တောင် လှည့်မကြည့် ၊ မီးစွဲနေသည့် ဗီရိုထဲမှ ပန်းချီကားတွေကိုသာ သဲကြီးမဲကြီး ထုတ်ယူနေလေသည် ။

''Jungkook ! Jeon Jungkook !
မင်း အဲ့တာ ဘာလုပ်နေတာလည်း''

အသံကုန် ဟစ်အော်တော့ တချက်သာ ငြိမ်သွားပြီး ပန်းချီကားတွေကို ဆက်ထုတ်ယူနေပြန်သည် ။

Deja Vu ( Completed )Onde histórias criam vida. Descubra agora