9

13.9K 1.5K 74
                                    

သာမန်မနက်ခင်းတစ်ခု ။ ထူးဆန်းတာက မိုးလေဝသဌာနက မိုးအသင့်အတင့် ကျမယ်ပြောပေမဲ့ အခုထိ နေသာနေဆဲ အခြေအနေ။

Jeon Jungkook ရဲ့ ကမ်းလှမ်းမှုကို
So Hee က ချက်ချင်း လက်ခံသည်နှင့်မိနစ်တောင်မခြား Taehyung ရဲ့ ပုံတူပန်းချီကားက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာသည် ။

So Hee အပါအဝင် လူတစ်ချို့က နားမလည်နိုင်ဖြစ်နေပေမဲ့ Taehyung မသိချင်ယောင်သာ ဆောင်နေလိုက်သည်။

သူကိုယ်တိုင်တောင် Jeon Jungkook ကို နားမလည်နေတဲ့ဟာ ။

''ဟဲ့ အဲ့ Fine Art Major က Jeon Jungkook လေ ခုနမှ Law ကကောင်မလေးတစ်ယောက်နဲ့
သူ့ Studio ထဲ ဝင်သွားတယ်''

''သေချာလို့လား''

''ငါ့မျက်လုံးနဲ့ မြင်တာပါဆို''

''အဲ့ဒါဆို ငါတို့ ကြားထားတာတွေက အမှန်ဖြစ်နိုင်တယ်ပေါ့ ''

Jeon Jungkook ဆိုသည့် နာမည်ကြားသည်နှင့် ကိုယ်တစက်မှမကြိုက်သည့် ကော်ဖီကို ဖျော်ချင်ယောင်ဆောင်ကာ Taehyung တမင်နားစွင့်နေလိုက်သည်။

ကစားပွဲကို ဖန်တီးမယ်ဆိုရင်
တစ်ဖက် ကစားသူရဲ့ အကြောင်းစုံကို သိနေမှဖြစ်မည်လေ ။

ဒီလောက်ပါပဲ ။
Jeon Jungkook အကြောင်းကို လုံးဝ သိချင်နေတာ မဟုတ်ရပါ ။

ကိုယ့်စိတ်ကိုယ် လှည့်စားပြီး Taehyung ထွက်ပေါက်ရှာပစ်လိုက်သည် ။

ဟုတ်သည် ။ သူက Jeon Jungkook ဆီ ကျရှုံးရမှာမဟုတ်ဘူး ။ Jeon Jungkook က သာ သူ့ဆီ ကျရှုံးရမှာ ။

ဆူညံလာသည့် မိန်းကလေး တစ်သိုက်ကြောင့် Taehyung အာရုံတို့က ထိုဆီသို့ပဲ စုရုံးသွားသည် ။

' Jeon Jungkook ကလေ တကယ်ပဲ ဟိုလိုပုံတူတွေ ဆွဲတာလား '

'ငါ နားမရှင်းဘူး'

'ဟိုလိုလေဟာ မိန်းကလေးတွေရဲ့ မထိတထိ အဖော်အချွတ်ပုံတွေ'

'အဖော်အချွတ်? မဖြစ်နိုင်တာ'

'Sexy ကျတဲ့ ပုံမျိုးလေဟာ ။ ဟိုလို ထင်သာမြင်သာ ကိုယ်လုံးတီးပုံမျိုး မဟုတ်ဘူး'

'အာ.. အဲ့ဒါဆို အခုသူနဲ့ ပါသွားတဲ့
Law က တစ်ယောက်ကလည်း'

'အင်း ပုံတူဆွဲဖို့ပဲ နေမယ်'

Deja Vu ( Completed )Où les histoires vivent. Découvrez maintenant