(လွန်ခဲ့သော ငါးနှစ်)
Korea National University, 2015
သရုပ်ဆောင်မေဂျာ၏ အတန်းချိန်တစ်ခုတွင် လက်အပေါက်ကတ်ဆုံး ဆရာမ၏ ချီးကျူးမှုကို ခံရသည့် ကျောင်းသားတစ်ယောက် ။ ဘေးမှ လူများစွာကတော့ အံ့သြဝမ်းသာ အကြည့်များစွာဖြင့် ။
''ဇာတ်ကောင်ထဲမှာ လုံးဝ စီးမျောပစ်နိုင်စွမ်း ရှိတာက မင်းရဲ့ အားသာချက်ပဲ ။ ရှေ့လျှောက်လည်း ဒီအရည်အချင်းကို ဆက်ထိန်းသွားပါ ။ မင်းကို အဆင့် A+ ပေးလိုက်မယ် ။ ဒီ့ထက် အမှတ်ပိုပေးလို့ ရရင်တောင် ငါက ပေးချင်သေး''
အမှတ်ပေးစရာ ရှိတာပေးပြီး
ထိုဆရာမ ထွက်သွားသည်နှင့် Taehyung ထပင် ခုန်မိသည် ။တော်ရုံ စကား အကောင်း မပြောတဲ့ ဆရာမက သူ့ကို တခမ်းတနား ချီးကျူးသွားတာမို့ ။
''Taehyung ငါ သတင်းကြားတယ်နော်။ နင့်ကို Teacher San က ချီးကျူးသွားတယ်ဆို ။ တကယ်ရှားရှားပါးပါးနော်''
So Hee က Taehyung အတွက် အသေအလဲ ဂုဏ်ယူနေသည်။
Taehyung မှာမူ သူငယ်ချင်းမလေးကို ဘာမှပြန်မပြော ။ ခပ်ပြုံးပြုံးသာ ။
ထိုအခိုက် So Hee ဆီ ဝင်လာသည့်ဖုန်း။
''ရှင်.. ဟုတ်ကဲ့ အခုပဲ Form လာတင်ပါ့မယ်''
ဖုန်းကျသွားသည့်အခါ Tahyung က မျက်ခုံးပင့်ပြသည် ။ ဘာအကြောင်းလည်း ဆိုသည့် သဘော ။
''Producing အမိုက်စားတွေ ထုတ်နိုင်တဲ့ နေရာမှာ Director အနေနဲ့ အလုပ်သင်ဝင်လုပ်နိုင်ဖို့ အခွင့်အရေး အခုပဲ ရလာတယ် ။ ကိုယ်ပိုင် Project တစ်ခု လုပ်ရမှာ ။ အဲ့ကိစ္စအတွက် ငါ Form သွားတင်ရမယ်''
''ငါနင့်ကို စောင့်နေပေးမယ် ။
မကြာတော့ မကြာစေနဲ့''''အင်း အင်း အဲ့ဒါဆို ငါသွားပြီနော်''
So Hee က သူ့အတွက် ပေါက်စကွေး ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း။ အထက်တန်းကျောင်းပြီးတော့ Major ကွဲပေမဲ့ University အတူတူပဲမို့ အခုထိ အတူသွား အတူလာပဲ ဖြစ်နေဆဲ ။
အတွေးတွေကို ပိတ်ပစ်တာက အကြမ်းပတမ်း ဆိုင်ကယ်သံတစ်ခုကြောင့် ။ အနက်ရောင် ဆိုင်ကယ်တစ်စီးက Taehyung ရပ်နေတဲ့ နေရာဆီက အရှိန်မလျော့ပဲ ပြေးဝင်လာနေခြင်း။

YOU ARE READING
Deja Vu ( Completed )
FanfictionKim Taehyung ခင်ဗျားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် Kim Taehyung ခင္ဗ်ားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် .... When you gonna tell her that we did that, too? She thinks it's special but it's all reused. KOOKV