''ကိုယ်က ရန်ဖြစ်ရတာ သိပ်မုန်းတယ် ။ ရန်ဖြစ်တာများရင် ဒေါသနဲ့ စကားအမှားပါပြီး ဝေးသွားတာ များတယ် ။ ကိုယ်တော့ မကြိုက်ဘူး''
Jungkook ရဲ့ ပေါင်ပေါ် ခေါင်းအုံးပြီး စကားတွေ စိတ်ကူးတည့်ရာ ပြောကာ Taehyung က ခွေးပေါက်လေးလို ကပ်တွယ်နေလေသည် ။
''မင်းရဲ့ မေးရိုးက ဘယ်လိုတောင်
ပြီးပြည့်စုံတာလည်း ။ အောက်ကနေ
ပင့်ကြည့်နေရတာတောင် စမတ်ကျတာ လျော့မသွားဘူး''ပြောလည်းပြော Jungkook မေးစေ့ကိုလည်း လှမ်းဖျစ်သည် ။
''ဟေး ဆွဲနေတဲ့ပုံ တစ်ခုခုဖြစ်သွားရင် ခင်ဗျားကို နမ်းမှာနော်''
ဤခြိမ်းခြောက်မှု အသေးစားလေးအား Taehyung က ညာရီပြီး...
''ကိုယ် အခုပဲ မင်းရဲ့ပုံကို
ဖျက်ဆီးပစ်ချင်တယ် ... မဟုတ်လည်း ကိုယ့်ကို ဂရုမစိုက်ပဲ ပုံတွေချည်းပဲ ထိုင်ဆွဲနေတဲ့ဟာ''''ဒါက ပြပွဲအတွက်လေဗျာ ..
မဆွဲလို့မရဘူး စကားလွန်ပြီးသားမို့''''ရီးစားဖြစ်ခါစက မင်းပဲ ကိုယ့်ဆီ ချောင်းပေါက်မတတ်လာပြီး အခုကျ ကိုယ်ကပဲ မင်းဆီ လာနေရတယ်''
မကျေမနပ်စွာ ပြောရင်း လက်ညိုးကိုလည်း Jungkook ရဲ့ နားကွင်းလေးထဲသို့ ထိုးထည့်ပြီး ဆော့နေသည်။
Jungkook က ခပ်ဟဟရီကာ သူ့နားရွက်နား ကလိနေသည့် Taehyung လက်လေးတွေကို သွားနှင့် ခပ်ဖွဖွလေး ကိုက်သည်။
''ခင်ဗျားကို ချစ်တယ် ''
''Hyung လို့ ခေါ်စမ်းပါ ...
ခင်ဗျား ခင်ဗျားနဲ့ အကြီးကို မရိုမသေ''''မရဘူး ခင်ဗျားပဲ .. ခင်ဗျားရေ ..
Kim Taehyung ရေ''ပြောကာမှ ရွဲ့ပြီး ခေါ်နေသည် ။ Taehyung မကြားဟန်ပြုပြီး နားနှစ်ဖက်ကို လက်ဖြင့်အုပ်ပစ်တော့ နဖူးပေါ်ကို တို့ထိပြေးလွှားနေသည့် အေးစက်စက်အရာတစ်ခု ။
မျက်လုံးဖွင့်ကြည့်ကာမှ Jungkook ရဲ့ စုတ်တံ ။ Whatt မဟုတ်မှ ဒီကောင်
ငါ့နဖူးပေါ် ပုံဆွဲလိုက်တာများလား ။အတွေးနှင့်အတူ နဖူးကို လက်ဖြင့် အတင်းပွတ်သပ်မည်ပြင်သည့် Taehyung ၏ လက်လေးတွေကို Jungkook က ဆွဲချုပ်လိုက်ပြီး..
YOU ARE READING
Deja Vu ( Completed )
FanfictionKim Taehyung ခင်ဗျားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် Kim Taehyung ခင္ဗ်ားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် .... When you gonna tell her that we did that, too? She thinks it's special but it's all reused. KOOKV