အဆင်ပြေသွားပြီးကတည်းက Jungkook က အချိန်တိုင်း သူ့ကိုပဲ
တကပ်ကပ် ဖြစ်နေသည် ။''Jungkook... Studio က
မီးလောင်သွားတယ်ဆိုတော့
အခု ဘာဆက်လုပ်မလည်း''Jungkook လည်ပင်းမှ အပူလောင်ဒဏ်ရာကို ဆေးလိမ်းပေးရင်းကနေ Taehyung မေးလိုက်ခြင်းပင်။
''ငွေသားပိုက်ဆံ သုံးပုံတစ်ပုံက မီးထဲပါသွားတယ်ဆိုပေမဲ့ ကျန်တာတွေက ဘဏ် acc ထဲမှာ ရှိနေလို့ တော်ရုံကျတယ် ။ အစကနေ ပြန်စရမှာပေါ့ ။ Studio မှာ တက်သစ်စ Fine Artist တွေ ရှိတယ်လေ ။ သူတို့ကို ကျွန်တော်မြေတောင်မြှောက်ပေးရဦးမှာ ''
ငါးနှစ်အတွင်း ဒီကောင်လေးက တခြားသူတွေအတွက် အကျိုးပြုစရာလေး ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့။
သို့နှင့် Jungkook ရဲ့ မေးစေ့လေးကို ချစ်စနိုးလေး ဆွဲဖျစ်လိုက်ပြီး..
''အာရီးဂူး ငါတို့ Jungkookie လေးက အများကြီး အရွယ်ရောက်လာပြီပဲ''
''လူရော ၊ ဟိုဟာရော
အရွယ်ရောက်လာတာလေ ''ညစ်ပတ်သည့် အပြောကြီးကြောင့် Taehyung က လက်သီးထောင်ပြသည်။
''မင်း တစ်ချိန်လုံး ဒါပဲ
တွေးနေတာလား''''အဲ့ဟာ အရွယ်ရောက်လား ၊
မရောက်လား ဆိုတာကို ကျွန်တော်က ခင်ဗျားကို ပြချင်ရုံတင်''''မင်းဟာကြီးကို မကြည့်ချင်ဘူး ။
သွားကွာ.. ပြန်တော့မယ်''စိတ်ဆိုးမာန်ဆိုးနှင့် သူ့အနားကနေ ထွက်သွားမည့်ပြင်သည့် Taehyung ကို Jungkook အမြန်လက်လှမ်းဆွဲရင်းကနေ..
အပြင်းဆုံး မီးလောင်ဒဏ်ရာ ရှိသည့်နေရာကို အိပ်ရာအခင်းအစနှင့် ပွတ်တိုက်မိသွားတော့ အတော်လေး နာကျင်သွားရ၏ ။
''အာ့ Hyung.. ''
''ဘာလည်း Jungkook! ဘာလည်း !ဘာဖြစ်လို့လည်း! ''
သူ့အနားသို့ အသည်းအသန် ပြေးလာသည့် Taehyung ၏ ခါးကို နာကျင်နေရင်းကပင် Jungkook အတင်းအကျပ် တွယ်ဖက်ထားလိုက်သည် ။
''ခါးကို ဖက်ထားမနေနဲ့ ။ ဘယ်နား နာသွားတာလည်း ပြော''
''ခင်ဗျားက ကျွန်တော် စတာကို
မကြိုက်လို့လား ။ ကျွန်တော်
နောက်တစ်ခါ ဆင်ခြင်မယ်လေနော်''

VOUS LISEZ
Deja Vu ( Completed )
FanfictionKim Taehyung ခင်ဗျားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် Kim Taehyung ခင္ဗ်ားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် .... When you gonna tell her that we did that, too? She thinks it's special but it's all reused. KOOKV