''Jungkook... ငါ Busan က
ရေခဲမုန့် စားချင်တယ်''ကိုယ်တိုင် သွားဝယ်လို့ ရပါရဲ့နဲ့ Jungkook ကိုပဲ အပူကပ်ပစ်သည် ။ ဒါဟာ ချစ်သေးလား ဟူသည့် စကားကို Jungkook အား သွယ်ဝိုက်မေးခြင်း သဘောပင် ။
Jungkook က ခေါင်းငြိမ့်ပြပြီး စုတ်တံကို ပစ်ချကာ ကားသော့ကို ကောက်ယူသည် ။
Taehyung ပျော်သွားသည် ။ Jungkook က သူ့ကို လျစ်လျူရှုချင်ယောင်ဆောင်နေတာပဲ ဖြစ်မည်။
''ဘာလို့ ကုတ်အင်္ကျီတွေ ထပ်ဝတ်နေတာလည်း ။ ကျွန်တော် တစ်ယောက်ထဲပဲ သွားဝယ်ပေးမယ် ။ ခင်ဗျား မလိုက်ခဲ့နဲ့ ''
''ဟင် ဘာလို့လည်း''
''အပြင်မှာ ပူတယ်လေဗျာ''
Taehyung မှာ ဤနောက်ဆုံး စကားကြောင့် ပြုံးပြုံးကြီးသာ ကျန်ခဲ့ရသည်။
ကားအနားထိ လိုက်ပို့ပေးပြီး ဂုတ်ပိုးကို ဆွဲယူပြီး Jungkook ရဲ့ နှုတ်ခမ်းကိုပါ နမ်းပစ်လိုက်သေးသည် ။
ဒီအကိုကြီးကို စိတ်ဆိုးပြေတော့မယ် မှတ်လား ။
တစ်နာရီ .. နှစ်နာရီ.. နာရီပေါင်း အနည်းငယ် စောင့်ပြီးသည့်တိုင် Jungkook က ရောက်မလာ ။
စိတ်ပူလို့ ဖုန်းဆက်မည် ပြင်ခါမှ အခန်းတံခါးက အကြမ်းပတမ်း ပွင့်အာလာသည် ။
"Jungkook ဘာလို့
ကြာနေတာလည်း''''ရေခဲမုန့်ကို လမ်းပေါ်က စုတ်ပြတ်ပြတ် ကလေးက စားချင်တယ်ဆိုလို့ ပေးလိုက်တာ ။ ခင်ဗျားအတွက် အသစ်ပြန်ဝယ်ပေးရတာနဲ့ ကြာသွားတယ်''
''ဒါများ ကိုယ့်ရဲ့ အခု ရေခဲမုန့်ကိုပါ အဲ့ကလေးကို ကျွေးပစ်တာ မဟုတ်ဘူး''
Taehyung တမင် ရွဲ့စောင်းနေခြင်းမဟုတ် ၊ အမှန်ပင် စိတ်ရင်းနှင့် ပြောခြင်း ဖြစ်သည် ။
Taehyung က အရင်ကတည်းက
လမ်းဘေး ကလေးများအား
သိပ်သနားတတ်သည်လေ ။''အဲ့ဒီ ကလေးတွေ နေရာမှာ ကျွန်တော်ဆိုရင်ရော ခင်ဗျားက သဘောကောင်းဦးမှာလား''
''ဘယ်လို ပြောလိုက်တာလည်း ။ မင်းသာ ဖြစ်နေခဲ့ရင် ပွေ့ဖက်နမ်းပြီးတော့ကို ရေခဲမုန့်ဆိုင်တစ်ခုလုံးပါ မင်းကို ဝယ်ပေးပစ်မှာ''

YOU ARE READING
Deja Vu ( Completed )
FanfictionKim Taehyung ခင်ဗျားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် Kim Taehyung ခင္ဗ်ားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် .... When you gonna tell her that we did that, too? She thinks it's special but it's all reused. KOOKV