''CEO... Agency ရဲ့ structure ပိုင်း ဖြစ်ဖြစ် rule တွေကိုပဲ ဖြစ်ဖြစ် ပြင်ချင်တဲ့ ဟာတွေများ ရှိမလား မသိဘူး ''
Manager ရဲ့ စကားတွေက
နားထဲ ဝင်တချက် ၊ မဝင်တချက် ။Ph Screen ကိုပဲ Bogum အကြည့်တို့ ရောက်နေသည် ။
အခုချိန် သူ့အတွက် Agency တစ်ခုလုံးထက် conversation တစ်ခုရဲ့ reply က ပို အရေးကြီးနေသည် ။
- okay လေ ။ ကျွန်တော် ကားပါကင်ဆီ လာခဲ့ပါ့မယ် -
စာလေးက ပြတ်ပြတ်သားသား တစ်ကြောင်းတည်း ။
ဒီစာလေးတစ်ကြောင်းနဲ့ ဖြစ်ပျက်နေတဲ့ ငါ့ပုံက ရီစရာကြီးများ ဖြစ်နေမလား ။
မသိဘူး ။ Kim Taehyung နဲ့ဆို သူ့အတွက်က ပြောင်းလဲမှုတွေချည်း ။
''နေ့လည် meeting ကို နောက်နေ့ မနက် 10 နာရီမှာ အစားထိုးမယ် ။
ငါ သွားစရာလေး ရှိနေလို့ ''ပြောချင်ရာ ပြောပြီး ထထွက်သွားသည့် CEO Park ကို မန်နေဂျာက စိတ်ရှုပ်စွာနှင့်သာ ငေးကြည့်နေခဲ့လေသည်။
ကားပါကင်ထဲ ရောက်တော့ ထင်းကနဲ မြင်နေရသည့် ပုံရိပ်လေးက အခုတော့ သူ့အပိုင်ပေါ့ ။
ထိုပုံရိပ်လေးဆီ တိုးကပ်သွားတော့ Mask ကို လက်ထဲ အတင်းထိုးထည့်ပေးလာသည် ။
လျှပ်တပြက်မို့ Bogum နားမလည်နိုင် ဖြစ်သွားတာတော့ အမှန် ။
'' Taehyung ဒါက ''
''ဘယ်သူနဲ့ တွဲနေလည်းဆိုတာ သတိထားပါ CEO ။ အနည်းဆုံးတော့ နှစ်ယောက်တည်း တစ်နေရာ သွားမယ်ဆို မမှတ်မိအောင် ရုပ်ဖျက်ရမှာပေါ့ ''
''ဒါပေမဲ့ ကိုယ်တို့က လူသိရှင်ကြားလေ''
''သိသာသိစေ မမြင်စေနဲ့တဲ့ ။ ကျွန်တော့် fan တွေ တွေ့သွားရင် ဘယ်လောက် အားနာစရာကောင်းလည်း''
ဘာကိုမှ ဂရုမစိုက်သည့်ပုံ ရှိပေမဲ့ တကယ်တမ်းတော့ Taehyung က သူ အလေးထားသည့် လူတွေအပေါ် သိပ်နွေးထွေးပုံ ပေါ်ပါသည် ။
ဘာစကားမှ ပြန်ကန်မပြောပဲ Mask ကို တပ်ပြီး ကားတံခါးကို ဖွင့်ပေးတော့ အလိုက်သင့်လေး တက် သည်။
'' ဘယ်မှာ Date ကြမလည်း ''
'' Taehyung ကြိုက်တဲ့နေရာသာ ပြောပါ ''
YOU ARE READING
Deja Vu ( Completed )
FanfictionKim Taehyung ခင်ဗျားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် Kim Taehyung ခင္ဗ်ားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် .... When you gonna tell her that we did that, too? She thinks it's special but it's all reused. KOOKV