''ခင်ဗျား''
အနောက်ကနေ ခေါ်သံကို ကြားပေမဲ့ Taehyung ခြေလှမ်းတွေကို ခပ်သွက်သွက်သာ လျှောက်ပစ်လိုက်သည် ။
''ဟေး Kim Taehyung.. ခင်ဗျားရေ ''
အော်ခေါ်သံတွင် စိတ်ရှည်ခြင်းတွေ
မပါဝင်တော့သလို Taehyung လက်ကောက်ဝတ်မှာလည်း
ဆွဲဆောင့်ခြင်း ခံလိုက်ရသည် ။''ခင်ဗျားကို ကျွန်တော်
ခေါ်နေတယ်လေ''''ကြားတယ် ။ ငါ့ဟာငါ
အတန်းချိန် မမှီမှာဆိုးလို့''''မဟုတ်ဘူး ။ ခင်ဗျားက ရှောင်နေတာ ။ နမ်းပြီးကတည်းက ရှောင်နေတာ''
''နမ်းတာလေးနဲ့ ငါက
ဘာလို့ရှောင်ရမှာလည်း ။ အတန်းချိန်နောက်ကျလိမ့်မယ်ကွာ''''ခင်ဗျား အတန်းချိန်ပြီးရင်
စကားပြန်ဆက်မယ် ''''ဟုတ်ပြီ''
ကတိတွေ လွယ်လွယ်ပေးပြီး
Kim Taehyung က အခန်းထဲသို့
ဝင်သွားသည် ။ဒီကောင်ကပဲ ရင်မော ကျန်ခဲ့ရပြန်ပြီ ။
''Taehyung အာရုံစိုက်ပါဦး ။ ဒီနေ့တစ်နေ့လုံး အမှားတွေပဲ လုပ်နေတယ်''
သရုပ်ဆောင် လေ့ကျင့်ဘက် Partner Min က သတိပေးစကား ပြောရလောက်သည်အထိ Taehyung ဒီနေ့ ဘာတွေလုပ်နေမိမှန်းကို မသိ ။ ဟုတ်လည်း ဟုတ်သည် ။ ဇာတ်လမ်းရဲ့ Dialogue တွေ တစ်ခုမှကို ခေါင်းထဲဝင်မနေ ။
''အပြင်သွားစရာ ရှိနေလို့လား Taehyung ။ ပြတင်းပေါက်ကိုပဲ တစ်ချိန်လုံးကြည့်နေတယ်''
''မရှိပါဘူး ''
ပါးစပ်က ငြင်းနေရင်းနဲ့ကို မျက်လုံးက ပြတင်းပေါက်ဆီ ထပ်ရောက်သွားသေးသည် ။
ဒီကောင်လေးတော့ ကျောင်းဝင်းထဲမှာတောင် ဆေးလိပ်သောက်နေတာပဲ ။
လေ့ကျင့်ချိန်ပြီးလို့ အခန်းထဲက ထွက်လာတော့ Jungkook ရပ်နေခဲ့တဲ့ နေရာတွင် ဆေးလိပ်အတိုအစ အချို့ကိုသာ တွေ့ရသည် ။ လူတော့ ရှိမနေခဲ့။
ဒီလို စကားအလေးမထားတဲ့လူနဲ့ ငါက တွဲရမယ် ။ အရူးလား ငါက။
မကျေနပ်သလိုမျိုး ဆေးလိပ်တိုတွေကိုသာ ခြေထောက်နှင့် Taehyung ဟိုဟိုဒီဒီ လှိမ့်ကန်ပစ်လိုက်သည် ။
YOU ARE READING
Deja Vu ( Completed )
FanfictionKim Taehyung ခင်ဗျားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် Kim Taehyung ခင္ဗ်ားက ကျွန်တော့်ဟာ ကျွန်တော့်အပိုင် .... When you gonna tell her that we did that, too? She thinks it's special but it's all reused. KOOKV