13

10.5K 1.1K 9
                                    

Taehyung နားထဲ အထပ်တလည်လည် ကြားနေရသည်က မနေ့ညက Jungkook ပြောသည့် ''အနာဂတ်က Kim Taehyung ကို ကြိုပြီး နှမြောနေမိပြီ'' ဆိုသည့် စကားပင်။

တဖက်လူရဲ့ စိတ်ကူးထဲမှာတောင် သူ့ကို အနာဂတ်ထဲ ထည့်ထားပေးတာပဲဟာ  ၊ Taehyung ကရော ဘာလို့ ထည့်မတွေးနိုင်ရမှာလည်း ။ ဘဝကို ပုံသေမတွက်နိုင်ပေမဲ့ ဒီကောင်လေးကိုတော့ သိပ်ချစ်မိမှန်း သိသည် ။

သို့နှင့် အနာဂတ်ဆီ သွားဖို့ဆို အဆင့်တစ်ဆင့်ကို ဖြတ်ကျော်ဖို့ လိုသည်နှင့် မီးဖိုချောင်ထဲတွင် ဟင်းချက်နေသည့် Jungkook ဆီ Taehyung လျှောက်သွားလိုက်သည် ။

ပြီးနောက် ခါးလေးကို
အနောက်ကနေ ထွေးဖက်လိုက်ပြီး..

''ကိုယ် သိချင်တာတွေ အကုန်
ဖြေပေးမလားဟင် Jungkook''

''အင်း မေးကြည့်လေ''

ကြည်ကြည်ဖြူဖြူ လက်ခံသည် ဆိုပေမဲ့ Jungkook မျက်လုံးတို့က ပန်းကန်စင်နားလေးမှ ဖုန်းဆီပဲ အကြည့်ရောက်နေသည် ။ Taehyung ကတော့ ပျော်ရွှင်လွန်နေသည့်အတွက် သတိမထားမိ။

''မင်းရဲ့ မိသားစုအကြောင်းတွေ အကုန် ကိုယ်သိချင်တယ် ။
အထူးသဖြင့် မင်းရဲ့ ဖေဖေ''

ဟင်းအိုးကို မွှေနေသည့် Jungkook ရဲ့ လက်တို့ ရုတ်ချည်း ရပ်တန့်သွားသည်။

''ဘာလို့ ခင်ဗျားက သိချင်ရတာလည်း''

''ကိုယ့်မေမေနဲ့ အဆင်ပြေပါ့မလားလို့ ကိုယ်က ချိန်ကြည့်ချင်ရုံပါ''

''မဟုတ်မှ ခင်ဗျားမေမေနဲ့ တွေ့ပေးမလို့လား''

''တွေ့ပေးလောက်တဲ့အထိ မဟုတ်ပေမဲ့ ကိုယ် မင်းအဖေနဲ့ ရင်းနှီးအောင် လုပ်ကြည့်မလို့ ။ ဒါပေမဲ့ မင်းကိုတော့ မေမေနဲ့ တွေ့ပေးမှာ''

Taehyung က အနာဂတ်ကို တွေးကာ ရင်ခုန်နေရင်း ပြောသည့်အတွက် အသံလေးကအစ ချိုမြိန်နေသည်။

''ခင်ဗျားက ကျွန်တော့်ကို
လက်ထပ်ရဲလို့လား''

Jungkook ၏ အေးစက်ဖွယ် အမေးကြောင့် Taehyung မှာ ခန္ဓာကိုယ်ပင် တောင့်သွားရသည် ။

သရုပ်ဆောင်ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ကို မေ့မပစ်နိုင်ဘူး ။ တကယ်တမ်း တွေးကြည့်ရင် Jungkook ကို လူသိရှင်ကြား လက်ထပ်ဖို့ သတ္တိမရှိနေဘူး ။ သူ့ဘဝက အစပဲ ရှိသေးတဲ့ဟာ အသေတော့ မခံနိုင်ပေ ။

Deja Vu ( Completed )Où les histoires vivent. Découvrez maintenant