4

15.8K 1.8K 77
                                    

Jeon Jungkook နဲ့ အမှတ်မထင် တွေ့ခဲ့ပြီး  အိမ်ကိုရောက်တော့ Taehyung လက်တွေက ခါတိုင်းထက် အေးစက်နေခဲ့သည်။

ရေခဲသေတ္တာထဲက ဘီယာကို ယူပြီး ဖောက်တော့ လက်က ကတုန်ကယင်ရယ်။

မူပျက်လွန်းလိုက်တာ ။ ဒီပုံစံကို ဟိုကောင်လေး မြင်သွားရင် မင်းကို ဘယ်လောက်လှောင်မလည်းဆိုတာ တွေးတောင် မကြည့်မိဘူးလားဟမ် ။

တစ်ယောက်ထဲ စကားပြောပြီး တစ်ယောက်တည်း အပြစ်တင်နေပေမဲ့ Taehyung စိတ်တွေ မွန်းကျပ်နေဆဲပဲ။

ဘီယာကို စုံကန်မော့တော့ လည်ပင်းတစ်လျှောက်လုံး ခါးသက်သက်နဲ့ ပူကနဲ။

အမှတ်မထင် ဝင်လာတဲ့ဖုန်း ။

အင်း ၊ Kim Hayoon ဆီက ။

''ပြောပါ''

''တို့ တောင်းပန်တယ်လေနော် ။ Instagram မှာ တင်ထားတဲ့ပုံကို အခုပဲ ဖျက်လိုက်ပြီလေ''

''ကျေးဇူးပါဗျာ''

''မင်း လေသံကလည်း စိတ်ဓာတ်ကျနေသလိုပဲ ။ ဘာဖြစ်နေတာလည်း''

''ငြီးငွေ့နေပြီ ။ ကျွန်တော်တို့ ရပ်လိုက်ရအောင်''

''ဘယ်နေ့ပြောမလည်း ရင်ထိတ်နေပေမဲ့ အပြောခံရတော့လည်း ထွေထွေထူးထူး ဖြစ်မနေပါဘူးလား''

''တောင်းပန်ပါတယ်''

''ရပါတယ် ။ တို့ ကိုယ်တိုင်ကိုက မင်း ဘယ်လိုလူမျိုးမှန်း သိရဲနဲ့ ကစားပွဲထဲ တိုးဝင်ခဲ့တာပဲ ''

''မမ ကျွန်တော့်ကို တကယ် သဘောကျခဲ့တာလား''

''အင်း ၊ ငါ အရူးလို သဘောကျခဲ့တာ''

''ကျွန်တော် သတိပေးရဲ့နဲ့''

''ရပါတယ်ကွယ် ။ ဒဏ်ရာလှလှလေးပါ တသက်လုံး ရင်ထဲ သိမ်းသွားလို့ ရတာပေါ့''

''မကျေနပ်ရင် မမ ကျွန်တော့်ကို ကျိန်ဆဲပစ်လို့ရ​ပါတယ်''

''ကောင်းသော ခွဲခွာခြင်းပဲ ဖြစ်ချင်တယ် ကောင်လေး ။ မမ သိက္ခာကို ငဲ့ပြီး ၃လအထိ သည်းခံပြီး တွဲပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ကွယ်''

''ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး''

ဖုန်းကို ချပစ်လိုက်ပြီး ဘီယာကိုသာ တစ်ရှိန်ထိုး မော့ချပစ်လိုက်သည်။

Deja Vu ( Completed )Donde viven las historias. Descúbrelo ahora