မိုးကောင်းကင်တစ်ခုလုံး ကြည်လင်ရှင်းသန့်နေသည်။ထို့အပြင် ငှက်များ၏အသံတစ်စာစာများသည်လည်းသာယာမှုကိုပံ့ပိုးပေးနေသည်အလား. . . . . .
''အင်း. . . . . . . . မိုးတောင်လင်းနေပြီပဲ''
''သားရေ. . . . နိုးပြီလား ထတော့လေကွယ် ဒီနေ့အထက်တန်းကျောင်းပထမဆုံးတက်မဲ့နေ့မလား''
Jinတစ်ယောက်အိပ်ရာမှထကာတစ်ကိုယ်ရေသန့်ရှင်းမှုလုပ်ပြီးမနက်စာစားရန်အိမ်အောက်သို့ဆင်းလာခဲ့တယ်
''မောနင်း အဖေနဲ့အမေ''Jinတစ်ယောက်သူ့အမေပါးကိုနမ်းလိုက်ကာ ထမင်းစားပွဲတွင်းသို့ဝင်ကာ မနက်စာစားနေလိုက်သည်။
''သားလေး အမေပြောစရာရှိတယ်''
''ဟုတ်ကဲ့ ဘာများလဲအမေ''
''ဒီနေ့သားရဲ့ပထမဆုံးအထက်တန်းကျောင်းတက်မဲ့နေ့လည်းဖြစ်သလို ကျောင်းကလဲအရင်နေတဲ့ကျောင်းမဟုတ်ပဲအသစ်ဖြစ်တဲ့အတွက် သားကျောင်းကလူတွေနဲ့အဆင်ပြေအောင်နေရမယ်နော်သား''
''ဟုတ်ကဲ့ပါ. . . ဘာလည်း. . အမေကသားကိုကျောင်းမှာအဖော်မရှိပဲတစ်ယောက်တည်းအထီးကျန်နေမှာကိုစိုးရိမ်နေတာလား. . . . ဒါဆိုရင်စိုးရိမ်မနေပါနဲ့အမေရယ် သားကလူတွေနဲ့အလိုက်ထိုက်ပေါင်းသင်းတတ်ပါတယ်ဗျ''
''သားပြောတာမှန်တာပဲမိန်းမရယ် စိုးရိမ်မနေပါနဲ့ ပြီးတော့သားကဖော်ရွေတတ်တော့သူငယ်ချင်းချက်ချင်းရမှာပါကွာ''
''ပြီးတာပါပဲရှင် ကျမကသားကိုကျောင်းအသစ်မှာ အထီးကျန်နေမှာစိုးလို့ပြောတာပါ''
''ကယ်...သား..စားလို့ပြီးရင်သွားကြရအောင် အဖေသားကိုကျောင်းလိုက်ပို့ပေးမယ်''
ဒီလိုနဲ့ကားအမဲတစ်စီးဟာတစ်ရွေ့ရွေ့သွားရင်း. . .
''ကယ်ရောက်ပြီသား အပြန်အဖေလာကြိုရအုံးမလား''
''လာမကြိုပါနဲ့အဖေ သားဘာသာပြန်လာပါ့မယ်''
''ဟုတ်ပြီ ဒါဆိုအဖေသွားပြီနော် ကျောင်းမှာစာသေချာလိုက်လုပ်နော်သား''
''ဟုတ်ကဲ့ အဖေ''Jinယောက်အဖေဖြစ်သူကိုနှုတ်ဆက်ပြီးပထမဆုံးသူတက်ရမယ့်အခန်းကိုလိုက်ရှာနေလိုက်တယ်...ကျောင်းသားအသစ်ဖြစ်တာကြောင့်သူတက်ရမဲ့အခန်းကိုမသိဖြစ်နေတယ်. . . ထိုအချိန်သူ့ရှေ့မှအထက်တန်းကျောင်းသားတစ်ယောက် ခန့်ညားသည် အထက်တန်းကျောင်းသားဟုမထင်ရလောက်အောင်ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ယောကျာ်းပီသည်
သူဘယ်လောက်ငေးမိလိုက်လဲမသိ ရှေ့မှကျောင်းသားရဲ့စကားသံကြားမှအသိစိတ်ပြန်ဝင်လာခဲ့တယ်
''အခန်းထဲဝင်မှာလား ဝင်ရင်လည်းဝင် မဝင်ရင်လဲဖယ်ပေး ကျောင်းခန်းအပေါက်ဝမှာလာရပ်နေတယ်''
Jinတစ်ယောက်တစ်ဖက်ကကျောင်းသားရဲ့စကားကြောင့်
*နေပါအုံး ရုပ်လေးကချောမောပြီးစွဲမက်စရာကောင်းသလောက်အပေါက်ဆိုးလိုက်တာ . . သည်းခံJin မင်းကကျောင်းသားသစ် အခုမှပထမဆုံးကျောင်းတက်တာပြဿာနာဖြစ်လို့မရဘူး*
Jinတစ်ယောက်ဒေါသအနည်းငယ်ထွက်သွားပေမယ့်စိတ်ပြန်ထိန်းကာ
''ဟို. . ကျတော်ကကျောင်းသားသစ်ပါ အခန်းမသိလို့လိုက်ရှာနေတာ. . အဲ့ဒါလေ10တန်း(A)အခန်းက ဘယ်နားမှာလဲဗျ''
''ဘာလို့ငါ့ကိုလာမေးနေတာလဲ စာမဖတ်တတ်ဘူးလား. . . ''
Jinတစ်ယောက် အရှေ့ကကျောင်းသားရဲ့ပြောစကားကြာင့် ခုနကထိန်းထားခဲ့တဲ့သည်းခံစိတ်တွေကုန်လွန်ကာ
''ဘာပြောတယ်. . ဒီမှာ စာကတော့ဖတ်တတ်တာပေါ့ စာဖတ်တတ်လို့ ဒီအတန်းထိရောက်နေတာပေါ့ မပြောချင်ရင်လည်းနေပါ ဒီကျောင်းမှာမင်းတစ်ယောက်ပဲရှိတာမိုလို့လား''
Jinတစ်ယောက်တစ်ခြားသူကိုမေးရန်လှည့်ထွက်ချိန် ကြားလိုက်ရသောအသံကြောင့် ရပ်မိသွားတယ်
''မင်းရပ်နေတဲ့ခန်း. . . ''
''ဘာကြီး. . . ဘာပြောတာ''
''ဝေးလိုက်တာ. . . မင်းအခုရပ်နေတဲ့အခန်းလို့. . စကားအများကြီးမပြောချင်ပါဘူးဆိုနေမှ ဒုံးဝေးတဲ့တစ်ယောက်နဲ့လာတိုးနေတယ်''
Jkတစ်ယောက်ရှေ့ကအူကြောင်ကြောင်နဲ့ရပ်နေတဲ့ကောင်လေးကိုပြောပြီး သူ့ကိုကျော်ကာအခန်းထဲဝင်လိုက်သည်
Jinတစ်ယောက်သူ့ကို ဒုံးဝေးတယ်လို့အပြောခံရသောကြောင့် ဒေါသအလွန်ထွက်ကာ
''ရား....မင်းကငါ့ကိုဒုံးဝေးတယ်လို့ပြောရအောင် မင်းကဘယ်လောက်ညာဏ်ကောင်းနေလို့လဲ စကားကြီးစကားကျယ် မာနတစ်ခွဲသားနဲ့အူပုတ်တဲ့ကောင်''
ထိုအချိန်. . . .
''ကျောင်းသားလေး အခန်းထဲမဝင်ပဲ ဘာတွေအော်နေတာလဲ''
Jinတစ်ယောက်အနောက်ကအသံကြားလို့လှည့်ကြည့်လိုက်ကာ
''ဗျာ. . ဘာမှမဟုတ်ပါဘူးဆရာမ အခုပဲဝင်မလိုပါ''
Jinတစ်ယောက်ရှက်ရှက်နဲ့သာဆရာမနောက်လိုက်ရင်း အခန်းထဲသာဝင်လာလိုက်သည်။ခုနကသူအော်လိုက်တုန်းကအတန်းထဲမှာကျောင်းသား/သူတွေရှိနေတာကြောင့် အတန်းထဲကလူတွေကသူဝင်လာတာနဲ့တိုးတိုးပြောနေကြတယ်
''ကယ် အားလုံးပဲ ဒီနေ့ဆရာမတို့ကျောင်းကို ကျောင်းသားသစ်ရောက်တယ်. . .သား နာမည်မိတ်ဆက်လိုက်အုံး''
''အာညော် ငါ့နာမည်ကKim SeokJinပါ ရှေ့လျှောက်လည်း ကူညီပေးကြပါအုံး''
''ဟုတ်ပီ သားseokjinဟိုးကခုံအလွတ်လေးမှာထိုင်လိုက်နော်သား''
Jinတစ်ယောက်ဆရာမပြတဲ့ခုံကိုလှမ်းကြည့်လိုက်တော့ နွေခေါင်ခေါင်မိုးကြိုးပစ်လိုက်သလိုမျိုး
*ဟမ် ဘာလို့လဲ လွတ်တဲ့ခုံက အဲ့မာနတစ်ခွဲသားကောင်ရဲ့ဘေးနားမှာဖြစ်နေရတာလဲ''
Jinတစ်ယောက်အတွေးများစွာဖြင့်မသွားပဲရပ်နေသောကြောင့်
''သား သွားထိုင်လို့ရပြီလေ ဆရာမစာသင်တော့မယ်''
''ဟုတ်ကဲ့ဆရာမ''
Jinတစ်ယောက်မသွားချင်သွားချင်ဖြင့်Jkဘေးတွင်ဝင်ထိုင်လိုက်ကာစာသင်ဖို့ စာအုပ်ထုတ်လိုက်ချိန်ကြားလိုက်ရသောအသံ တစ်ခြားလူတွေနားထဲမှာတော့ ယောကျာ်းဆန်ပြီးနားထောင်လို့ကောင်းပေမယ့် သူကတော့ကြည့်လို့မရတဲ့သူဖြစ်လို့လားတော့မသိ အသံကသူ့နားထဲကန့်လန့်ကြီးဝင်နေသလိုတစ်စက်မှနားထောင်လို့မှမကောင်း
''ဒုံးဝေးတဲ့တစ်ယောက်နဲ့အတူထိုင်ရတယ်လို့ တကယ်ပဲ''
''ဘာကွ ငါကရောမင်းလိုမာနတစ်ခွဲသား အပေါက်ဆိုးတဲ့လူနဲ့ထိုင်ချင်တယ်များမှတ်နေလား ထိုင်စရာခုံမရှိလို့ လွတ်တဲ့ခုံကမင်းဘေးနားပဲရှိလို့ကွ ငါ့နှယ် ဘယ်သူကစိတ်ညစ်ပြီးညည်းနေရတာလဲ တကယ်ပဲ''
ဒီလိုနဲ့စာသင်ချိန်တွေပြီးလို့ ကျောင်းလွှတ်မယ့်ချိန်ကိုရောက်လာတဲ့ချိန်
မကြားချင်တဲ့အသံကိုကြားလိုက်ရသည်
''နှေးလိုက်တာ မင်းစာအုပ်ထည့်တာမပြီးတော့ဘူးလား''
*နေစမ်းပါအုံး ဒီကောင်ငါ့ကိုပဲ ဘာလိုလိုက်ပြောနေတာလဲ*
''ငါ့ဘာသာစာအုပ်ထည့်တာနှေးနှေး မင်းအပူလား''
''ငါ့အပူတော့မပါဘူး ဒါပေမယ့်မင်းထမှငါသွားလို့ရမှာမိုလို့''
''မင်းဘာသာမင်းငါ့ကိုကျော်သွားပါလားကွ''
''ဘယ်နားကလွတ်နေလို့လဲ မင်းကိုကျော်သွားရအောင် မြန်မြန်ဖယ်''
''ဖယ်မှာပါ ဖယ်မှာပါ မင်းလိုရုပ်ကချောသလောက်အပေါက်ဆိုးတဲ့သူနားမှာငါလည်းမနေချင်ပါဘူး''
Jkတစ်ယောက် သူ့ရှေကနှုတ်ခမ်းတစ်ထော်ထော်ဖြင့်သူ့ကိုတစ်ခွန်းမကျန်ပြန်ပြောပြီးအခန်းထဲမှထွက်သွားတဲ့လူသားရဲ့နောက်ကျောကိုကြည့်ရင်း ပြုံးလိုက်မိသည်။
Jinတစ်ယောက်Jkနဲ့စကားများပြီး အခန်းပြင်မှထွက်ကာပွစိပွစိဖြင့်အိမ်ပြန်လမ်းတစ်လမ်းလုံးဆူပုတ်စွာနဲ့ပြန်ခဲ့တယ်ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရင်တောင်းပန်ပါတယ်နော် ကိုယ်ကတအားကြီးမရေးတတ်ပေမယ့်အကောင်းဆုံးကြိုးစားပြီးရေးထားပါတယ်နော်🎋💚

YOU ARE READING
တိတ်တခိုးချစ်ရသူ
Romansaပထမဆုံးကျောင်းမှာစတွေ့ခဲ့တဲ့မင်းကိုကိုယ်ရူးရူးမူးမူးချစ်ခဲ့တယ်. . . . . ကိုယ်ဖွင့်မပြောပဲ တိတ်တဆိတ်နဲ့ပေါ့. . . . . . .